uncle gyiMarch 27, 20151min27318
အခုခေတ်လူငယ်တွေကအတိတ်နိမိတ်တွေသိပ်မယုံတော့ဖူး ကြီးပြင်းတာကလည်းဒုံးပျံခေတ် စီဒီ တီဗွီခေတ် အန်ကယ်တို့ကြီးပြင်းလာတာကက်ဆက်ခေတ် ရေဒီယိုခေတ် ၁ဝတန်းအောင်လို့ မန်းလေးအလုပ်လုပ်ဖို့ရောက်တော့ဈေးချိုမှာအလုပ်သင်ဝင်ရတယ် အဲဒီအချိန်ဈေးချိုမှာအလုပ်သင်ဝင်ဖို့ကထမင်းကျွေးပညာသင် ဘာပိုက်ဆံမှမရ အခုခေတ်လိုငွေဘယ်လောက်ရမှထားမှာဆိုဘယ်ဆိုင်မှမခေါ်တော့ အဓိကပြောချင်တာက ဆိုင်ရှင်တွေအဓိကသင်တာကစကားအပြော ဈေးရောင်းရင်းဘယ်လိုပြောဘယ်လိုရောင်း ဈေးဝယ်မေးရင်မေးတဲ့ကုန်ကိုယ့်ဆီမရှိရင်တောင်မရှိဆိုတဲ့စကားမပြောရ မထားဖူးကုန်နေတယ်ပြောရတယ် အဓိကကမရှိဆိုတဲ့စကားနိမိတ်မကောင်းလို့တဲ့ အခုခေတ်ဆိုမဆီရယ်တဲ့အိုမဆိုင်လုပ်ကြမှာ ဒါပေမဲ့နိမိတ်ဆိုတာမယုံလို့လဲမရ ကြုံဖူးတယ်မန်းလေးမှာမီးသတ်ကားဥဩသံကိုသီချင်းရှေ့မှာတီးလုံးထည့်တဲ့သီချင်း ခေတ်စားတဲ့အချိန် မသိရင်မီးသတ်ကားလာနေတာ အဲဒီအချိန်မန်းလေးမှာမီးတွေမကြာခဏအကြီးအကျယ်လောင်တာ တနို်င်ငံလုံးလည်းမီးမကြာခဏလောင်တယ် နောက်အိုးလေးလှုပ်ပါဟေ့ဖြစ်လာရော ဖွင့်လိုက်တဲ့သီချင်းဘယ်သွားသွားဒါပဲ မကြာပါဖူးနာဂစ်ဖြစ်ပြီးမြန်မာနိုင်ငံရဲ့ဆန်အိုးကြီးသွက်သွက်ခါသွားတာ အခုလည်းသီချင်းတပုဒ်ထွက်လာပြန်ရော မင်းသီချင်းကလည်းကွာနိမိတ်မကောင်းဖူးလို့သားတော်မောင်ကိုပြောမဆုံးသေး လောက်ကိုင်တိုက်ပွဲတဲ့ တနိုင်ငံလုံးလဲတလှုပ်လှုပ် သီချင်းကရွာကိုသူပုန်ဝင်တာရေးထားတာ ရွာကလူတွေဟိုပြေးဒီပြေး ဟိုအော်ဒီအော် သေနတ်သံတွေတညံညံ