moonpoemJanuary 25, 20131min23421
ကျွန်မတို ့မောင်နှမသုံးယောက်က တွေ ့တဲ့အခါတိုင်း စနောက်လေ့ရှိတာတစ်ခု ရှိပါတယ်။ အဲဒါက အစ်ကိုအကြီးဆုံးကို မွေးတော့ သားအချစ်မြေးအနှစ်ဆိုတဲ့ အတိုင်း သူ ့ကို အဘွားက အချစ်ဆုံး(အမေဘက်ကဖြစ်ပါတယ် အဖေဘက်က အဘိုးအဘွားက မရှိတော့ပါ)၊အမေက တော့အလတ်အစ်မကို သမီးဦးလေးမို ့အချစ်ဆုံး ၊အဖေကတော့ အငယ်ဆုံးကျွန်မကို အချစ်ဆုံးတဲ့လေ။ တကယ်ကတော့ အဘွားရော၊အဖေတွေအမေတွေကရော အားလုံးကို တပြေးညီချစ်တာချင်းတူပါသည်။ ဒါပေမယ့်ပြောစမှတ်တွင်ရအောင် တခါတခါကျရင် ဦးစားပေးတာ၊ သည်းတာတွေကို မြင်ရတော့အချင်းချင်းစနောက်နေတာ တကယ်များဖြစ်နေပြီလားလို ့တွေးမိပါတယ်။ ဖြစ်လည်း ပြသ၁နာမရှိပါ။ မောင်နှမများကြားဘယ်သူ ့ကိုပဲ ပိုချစ်ချစ်၊ အားလုံးကို ဂရုစိုက်တာ နွေးထွေးတာပဲမို ့ ကျွန်မတို ့မိသားစုလေးသည် ပျော်စရာကောင်းပါသည်။မိသားစု စုံညီစွာ နေခဲ့တဲ့ အချိန်ကပေါ့။ ဒီလိုနှင့် အသက်အရွယ်တွေရပြီး တစ်ယောက်တစ်နယ်စီ အလုပ်ထွက်လုပ်ကြချိန်မှာ မန်းတလေးအိမ်တွင် […]