Ma MaAugust 19, 20151min33712
အရှေ့နဲ့အနောက် ရဲ့ အတွေးအခေါ်အယူအဆတွေ ကွာခြားနေတာကို အမှတ်မထင် သိလိုက်ရတဲ့ အတွေးတစ်စ ဖြန့်ဝေပါရစေ။   ဘာမဟုတ်တဲ့ အသေးအဖွဲလေးကနေ တကယ့်အမှားကြီးကို မြင်လိုက်ရတာမို့ သိစေချင်မိတယ်။   ပြောရမယ်ဆိုရင်………အမေရိကကို ဂရင်းကဒ်ရလို့ ထွက်သွားတဲ့ မိသားစုတစ်စုအကြောင်းပါ။   မိသားစုလိုက်လည်းဖြစ် နေရာသစ်ကိုရောက်တာလည်းဖြစ်လို့ လိုအပ်တာတွေ အများကြီးရှိတာပေ့ါ။ လူကြီးတွေမှာ ပစ္စည်း ပစ္စယတွေ ဝယ်ရ ခြမ်းရ နေရာချရနဲ့ အလုပ်ရှုပ်နေကြတယ်။   အဲဒါနဲ့ပဲ သမီးလိုချင်တဲ့ ကျောင်းတက်လွယ်အိတ်ဝယ်ဖို့အတွက် ဒေသခံညီမကို အကူအညီတောင်းပြီး စူပါမားကက်ကို လိုက်ပို့ခိုင်းရတယ်။   ကလေးက အမေရိကရောက်ရင် ထူးခြားဆန်းပြားတာတွေ အများကြီးတွေ့ရမယ်၊ ဝယ်မယ်၊ သုံးမယ် ဆိုတဲ့ အတွေးနဲ့ လိုက်ရှာတယ်။   လွယ်အိတ်ပုံစံကြိုက်တော့ အရောင် မကြိုက်လု့ိ၊ အရောင်ကြိုက်တော့လည်း အရုပ်မပါလို့၊ […]