unclegyi1974March 7, 20111min1849
အပြောင်းအလဲဆိုလို့ရွာသူရွာသားတွေမျက်စိပြူးပြီး အတင်ဖတ်ကြတော့မယ်နဲ့တူတယ် ကျွန်တော်ပြောချင်တဲ့အပြောင်းအလဲကရွာသားများစိတ်ဝင် စားနေတဲ့အပြောင်းအလဲမဟုတ်ပါဖူး။အခုတလောကျယ်ကျယ် လောင်လောင်ကြားနေရတဲ့သယ်ယူပို့ဆောင်ရေးအကြောင်း ပြောမလို့ပါ ပြီးခဲ့တဲ့ ၂၀၁ဝ အစောပိုင်းကတည်းကသတင်းစာတွေ မှာဘယ်နှစ်ဘီးကားဆိုရင်ဘယ်နှစ်တန်တင်နိုင်ပါတယ် ဆိုပြီးနေ့စဉ်ရက်ဆက်သတင်းဆောင်းပါးတွေဖတ်နေရ က တည်း ကမကြာမှီလာမည်မျှော်ဆု်ိပြီးကြိုတွေးမိပြီးသားပါ နောက်ကုန်တင်ကားတွေတန်ပိုသတ်မှတ်တယ်ဆိုပြီး စလာတာပါပဲ တင်နိုင်တာက ၁၂ဘီးကားဆိုရင် ကား+ကုန်တန်ချိန် ၂၅ တန်ပါ ၁ဝဘီးကားဆိုရင်ကား+ကုန်တန်ချိန်၂၁တန်ပါ ၆ဘိးကားဆိုရင်ကား+ကုန်တန်ချိန် ၁၆ တန်ပါ တန်ပိုဂိတ်တွေကအတိအကျချိန်ကြ သက်ဆိုင်ရာကလည်း ကြပ်မတ်ကြနဲ့ဆိုတော့ကားခတွေကချက်ချင်း ၃ဆ လောက် တက်သွားပါရော နောက်ပြန်ကျတော့နဂိုလ်ဈေးထက်၂ ဆ မှာမြဲသွားပါတယ် ကားတွေကိုတန်ပိုမသတ်မှတ်ခင်က ၁၂ ဘီးကာတစီးကို ကုန်ချိန် ၃၂ တန်မှ ၃၆ တန် ၄ဝ တန်အထိတင်တာပါ ကားရောကုန်ရောဆို တန်ချိန် ၄ရ တန်မှ တန် ၅ဝကျော်ထိတင်ကြတာပါ အဲလိုတင်နိုင်အောင်လည်းကားသစ်တစီးကိုဝယ်ပြီးကတည်း ကအုံနာကသိန်း ၆ဝ မှသိန်း၁၅ဝလောက်အထိနောက်ထပ် အကုန်ခံပြီး […]