etoneAugust 25, 20101min997
နိုင်ငံခြား တိုင်းပြည်တစ်ခုကို ရောက်နေတဲ့ ကျွန်မ မြေးကလေး နှစ်ဦးဆီက စာများရတယ်။ သူတို့စာတွေထဲမှာ သူတို့ရောက်တဲ့ နိုင်ငံရဲ့ စီးပွားရေး အဆင့်အတန်း၊ လူမှုရေးအဆင့်အတန်းနဲ့ ပညာရေးအဆင့်အတန်းကို သူတို့ အကဲခတ်တတ်သလောက် အကဲခတ်ပြတာလည်း ပါတယ်။ အဲဒီတိုင်းပြည်မှာ ကျွန်မတို့နိုင်ငံလို သယံဇာတ ဘာမှ မကြွယ်ဝဘဲနဲ့ အဲဒီအဆင့်အတန်းမျိုး ရောက်နေကြတယ်ဆိုတဲ့ သူတို့စိတ်ထဲ မချင့်မရဲ ဖြစ်ပုံတွေလည်း ပါတယ်။ မြေးမတစ်ယောက်ဆီက စာမှာတော့ သူတို့ရောက်နေတဲ့ နိုင်ငံမှာ လခလစာ ဘယ်ရွေ့ဘယ်လောက် ရတယ်၊ မြန်မာငွေနဲ့ တွက်ကြည့်ရင် သိန်းချီရနေတဲ့ အဓိပ္ပာယ်ရှိတယ်။ နေရေးထိုင်ရေးလည်း အစစအဆင်ပြေတယ်။ ဒါပေမယ့် သူမပျော်ဘူး၊ အဲဒီနိုင်ငံမှာ အကြာကြီး မနေချင်ဘူးတဲ့။ အခုထိ သူအလုပ်မလုပ်သေးဘူး၊ သူ့ယောက်ျားပဲ အလုပ်လုပ်နေတယ်။ ပုံတော်ရင်တော့ သူအလုပ်ဝင်လုပ်မယ်။ လုပ်ပြီးရင် ငွေစုမယ်။ […]