နွယ်ပင်July 7, 20111min24315
ဒီနေ့မနက် အိပ်ယာက စောစောနိုးနေတာနဲ့ အိပ်က လူတွေအတွက်စားဖို့ မနက်စာလေးသွားဝယ်ပေးမိပါတယ် ..တစ်ခါထဲပြောမပြောချင်ဘူး အဟုတ်ကိုပဲ ၊ အရင်နေ့တွေကဆို နွယ်ပင်တို့က အလုပ်ပင်ပန်းလို့ အိပ်ယာက စောစောမနိုးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်က ဝယ်ကျွေးတဲ့ မနက်စာကို အခန့်သင့်စား တစ်ခါတစ်လေ ကိုယ်မကြိုက်တဲ့ မုန့်ဝယ်ထားတာတို့ မုန့်ကို ကိုယ်စားနိုင်ထာထက်ပိုဝယ်ထားလို့ ဆိုပြီးအိမ်က လူတွေကို ဂဂျီဂဂျောင်ကျနဲ့ အဲလို ဇီမ်ယူဖြစ်တာများတယ် ။ ဒီနေ့တော့ အဲလို မဟုတ်ဘဲစိတ်ကောင်းလေးဝင်နေတာနဲ့ မနက်မုန့်စာလေး သွားဝယ်ဖြစ်ခဲ့တာ အိမ်ကလူတွေက တစ်ယောက်တစ်မျိုးမှာနေတာနဲ့ ဆိုင်(3) ဆိုင်လောက်ပတ်ပြီး ဝယ်နေခဲ့ရတယ်လေ ။ တစ်ယောက်က ပဲပြုတ်နဲ့ နံပြားစားမယ်ဆိုလို့ အရင်ဆုံးပဲပြုတ်သွားဝယ်တာ (1000) တန်မို့မအမ်းနိုင်ပါတဲ့ အကြွေရှိမှ ရောင်းလို့ရမယ်တဲ့ အဲတော့လဲ အသုပ်ဆိုင်ကို ပြေးရပြန်ရော ” အသုပ်တစ်ပွဲ (300) […]