မိုခ်ိဳMarch 31, 20121min18715
ဆင်းရဲသားရပ်ကွက် ဆိုလို့ ကလေးတွေက  နှပ်ချီးတွဲလောင်း ဖင်ဟောင်းလောင်း ၊ယောက်ျားတွေက အရက်ဆိုင် မှာ ခွက်ကိုင်လို့  မိန်းမတွေက အတွက်ပိုင်ပိုင် နဲ့ အကွက်တွေ ကိုင်နေကြတဲ့ ကလေးက ဆူဆူ၊ ခွေးကအူအူ၊ အကြွေးကထူထူ ရပ်ကွက်လေးကို ပြေးမမြင် လိုက်ပါနဲ့။ ကျမ ခဏတာ နေထိုင်နေတဲ့ ခြင်္သေ့မြို့တော်ရဲ့ တနေရာမှာရှိတဲ့ တိုက် လေးလုံး စု အကွက်လေး  ကို ပြောတာပါ။ အဲ.. မစ္စတာ လီကွမ်ယု ကြီး များ မတော်တဆ ဖက်မိ ရင် သူတည်ထောင် ခဲ့တဲ့  နိုင်ငံမှာ ဆင်းရဲသား ရပ်ကွက် ရှိတယ် လို့ ရေးတဲ့ကျမကို စိတ်ဆိုးပြီး တရားဆွဲ မှာလည်း ကြောက်မိပါတယ်။ ကျမတို့နေတဲ့ ရပ်ကွက်ကို စင်္ကာပူရဲ့ […]