ムラカミDecember 22, 20112min17615
ထို နေ့ က ပေါ့... ကျမရဲ့ မေးခွန်းကို ခေါင်းညှိမ့်ရုံတင်တုန့်ပြန်ခဲ့တာ .. နှုတ်ခမ်းမွေးရေးရေးလေး ထားတတ် ပြီး သူ့ ရဲ့ ပိရိသေသပ်တဲ့ နှုတ်ခမ်း တစုံ ကို စတင် သတိပြုမိတဲ့နေ့ပေါ့...ဟုတ်တယ် ... အဲ့သည့်အတိုင်း အတိအကျပဲ.. ထို နေ့ကပေါ့ ... သူကျမကို ငေးကြည့်နေတာ တွေ့လိုက်ရပြီး ရင်ထဲမှာ တလှပ်လှပ်ဖြစ်လာတယ်... ကျမ ...ရှက်နေတာလား?? .. ဘာရှက်စရာ ရှိလို့ပါလိမ့် .... သည်အကြည့်တွေ သည်မျက်လုံးတွေကို ရင်မဆိုင်ရဲသလိုရှိပေမယ့်... ခိုးခိုးပြီး ပြန်ကြည့်နေမိတာ ...သူသိသွားပါသလား ..... ထိုနေ့ကပေါ့ .... သူဆိုနေတဲ့ သီချင်းတွေ .. ဘာတဲ့ ... "နံရိုးကင်" လည်းပါရဲ့ "စာမျက်နှာ-၁၅" ကိုတောင် "ဟိုတဖက် […]