etoneNovember 25, 20101min25611
မြို့ပြနှင့်မဝေးသော်လည်း ကျန်းမာရေးဗဟုသုတနည်းပါးသော ဒေသများရှိနေကြောင်းမကြာသေးမီကမှ စိတ်မကောင်းစွာဖြင့် ကျမသိခဲ့ရသည် ။ လွန်ခဲ့တဲ့တစ်လခန့်ကကျမသူငယ်ချင်းဧ။်အိမ်ဖော်ကောင်မလေးထွက်ပြေးသွားသဖြင့် သူမဧ။်မိဘများကို အသိပေးရန် အိမ်ပေါ်ကောင်မလေးမိဘများပေးခဲ့သော လိပ်စာအတိုင်းလိုက်ရှာခဲ့ကြရာ လှိုင်သာယာမြို့နယ် ဗိုလ်ချုပ်လမ်းမကြီးသို့ရောက်ခဲ့ပါသည် ။ ဗိုလ်ချုပ်လမ်းမကြီးသည် အတန်ပင် ရှည်လျားပြီး လမ်းထိပ်နှစ်ဖက်သည် ရန်ကုန်ပုသိမ်အမှတ်(၅)လမ်းမကြီး (ဘုရင့်နောင်တံတားမှဆင်းသောလမ်း)နှင့် ရန်ကုန်ညောင်တုုံးလမ်းမကြီး (အောင်ဇေယျတံတားမှဆင်းသောလမ်း) နှစ်ခုကို ကန့်လန့်ဖြတ်ဆက်ထားသောလမ်းဖြစ်သည်။ လမ်းထဲကိုဝင်လျှင်လျှင်ချင်းပဲ လူနေထူထပ်သော ရပ်ကွက်မှန်းသတိထားမိသည် ။ လမ်းက မညီမညာကျောက်တုံးများနှင့်ခင်းထားပြီး မြေဖို့ထားသောနေရာများမှာထူလွန်း၍တစ်ချို့နေရာများတွင် ချိုင့်ကွက်များဖြစ်နေကာ မိုးရွာသွန်းသည့်ရေများကျန်ပြီး ဖွက်ပေါက်နေသည် ။ လူတွေသာများတာ ကားအသွားအလာနည်းသည် လမ်းဆိုးသောကြောင့်ဖြစ်မည်ထင်သည်။ အခြေခံလူတန်းစား အများစုနေသောရပ်ကွက်ဖြစ်ဟန်တူသည် … လမ်းလျှောက်သူများပြီး စက်ဘီးစီးပြီးသွားသူများလည်းရှိသည် ။ မေးမေးစမ်းစမ်းနှင့်လာခဲ့ရာလမ်း ထက်ဝက်ခန့်သို့ခြေထောက်ညောင်းတော့မှရောက်တော့သည်။ သတိထားမိသည်က လမ်းတလျှောက်လုံး (လမ်းထိပ်မှ လမ်းလယ်ခန့်၊ကျမတို့ရောက်သောနေရာအထိ) ဆေးခန်းများစွာရှိသည် အနည်းဆုံး ဆေးခန်း၆ခုခန့်ရှိမည်ထင်သည် ။ မြောက်ဥက္ကလာဆေးရုံ၊ […]