manawphyulayJanuary 12, 20122min26917
လွတ်လပ်ရေးနေ့မှာ လွတ်လွတ်လပ်လပ် အိမ်မှာ နေတုန်းလေး ခြံထဲမှာ ရှိတဲ့ ပန်းတွေကို လက်တည့်စမ်းရင်း အတွေးတစ်ခု ပေးစွမ်းခဲ့ပါတယ်။ ဒါကတော့ ဘာလဲဆိုတာ…. လှပဝေဆာ ပန်းဘဝမှာ သာမွှေးနံ့ထုံ ရနံ့စုံစဉ် မြင်သူအပေါင်းကတပ်မက်ကြ၏ ပန်းအလှလေးမို့ တချို့ကလည်း ဘုရားလှူဖို့ တချို့ကျပြန် ခေါင်းထက်ပန်ဆင် လှချင်သမို့ သူတို့ဆန္ဒပြည့်ဝဖို့ကို အို…. ပန်းပွင့်လေးဖြည့်ပေးခဲ့တယ် မနွမ်းခင်လေး ခဏတာမှာ သူတကာအတွက် ဖြည့်စွက်ခဲ့လည်း နွမ်းလို့ ကြွေစဉ်ချိန်ခါမှာတော့ စွန့်ပစ်ပယ်ခံ ဖြစ်ရပြန်တယ် ဪ…. အဖြည့်ခံ ပန်းဘဝလေးပါတကား….