ဘရားသားJuly 22, 20121min28229
ရခိုင်ပြည်နယ်မောင်တောမြိုနယ်တွင် ပြည်သူ့စစ်ကဲ့သို့သော အဖွဲ့ အစည်းများ မကြာမီ ဖွဲ့စည်းသွားမည်ဆိုခြင်းကို မောင်တောမြို့နယ် အုပ်ချုပ်ရေးမှုူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်ကြောင်း သိရှိရပါသည် ။ ထိုကဲ့သို့ ဖွဲ့စည်းရခြင်းမှာ လူမျိုးခြားများ၏ အကြမ်းဖက်မှုများမှ ကာကွယ်သွားရန်ဖြစ်ပြီး တိုင်းရင်းသားများဖြင့်သာ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ အကြမ်းဖက်တဲ့သူတွေကို ထိုက်သင့်တဲ့ ပြစ်ဒဏ်မျိုးတွေချမှတ်နိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ် ဟု အဆိုပါတာဝန်ရှိသူက ပြောပြကြောင်းသိရှိရပါသည်။ ” ပြည်သူ့စစ်လို အဖွဲ့အစည်းတွေ ဖွဲ့စည်းပေးမယ်ဆိုတာ အင်မတန်ကောင်းပါတယ် ၊ ကိုယ့်လူမျိုးတွေက အဖွဲ့အစည်းကိုတာဝန်ယူပြီး ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကိုကာကွယ်မယ် ။ လိုအပ်တဲ့ သင်တန်းတွေ ၊ လက်နက်ကိရိယာတွေကို နိုင်ငံတော်အနေနဲ့ ဖြည့်ဆည်း ပေးသွားဖို့ ပဲလိုအပ်တယ် ။ မောင်တောမြို့နယ် တွင်မကဘဲ ရခိုင်ပြည်နယ်ရဲ့ လိုအပ်တဲ့နေရာတွေမှာ အခုလိုပဲ ပြည်သူ့စစ်ကဲ့သို့ အဖွဲ့အစည်းတွေ ဖွဲ့စည်း […]