fattyFebruary 4, 20111min17711
မနေ့က စာရိုက်ရင်း အရေးပေါ်ထပြေးရသဖြင့် Save လုပ်ထားဘို့မှာထားခဲ့တာ ပို့စ်တင်ပြီးသားပါဖြစ်နေလို့ တိုးလိုတန်းလန်းနဲ့ တောင်းပန်ပါသည်ခင်ေျာ …။ နောက်ကျနော်ရောက်သွားတာက အများသိကြတဲ့ ET ဆီပါဘဲ။ အီးတီ ဆိုတဲ့အတိုင်း ရုပ်ကတော့ခပ်ဆိုးဆိုးပါ အရွယ်ကငယ်ပါသေးတယ် ၁ဝ ကျော် သက်လောက်ထင်တယ်။ သူ့ရဲ့ထူးခြားမှုကတော့ သူ့နားသွားထိုင်လိုက်တဲ့အခါ ကျနော့လက်ညှိုးနဲ့ လက်ခလယ်ထဲကို ဓါတ်လုံးလေး ညှပ်ခိုင်းထားပါတယ်။ ပြီးတော့ စာရွက်ပေါ်မှာ ဂဏန်း ရလုံး သူရွတ်တာကို ရေးခိုင်းပါတယ် အဲဒီဂဏန်းတွေကိုသူရွတ်နေတာက စဉ်းစားချိန် လုံးဝမယူပါဘူး။ ကျနော်လဲချရေးတာပေါ့။ ပြိးတော့မှသူကပြောပါတယ် အဲဒါ ရှင့်အိပ်ထဲမှာပါတဲ့ ပိုက်ဆံတရွက်ရဲ့ နံပါတ်ဘဲတဲ့ ဘယ်ပိုက်ဆံဆိုတာရှာကြည့်ပါတဲ့ ကျနော်လဲ ကြောင်တောင်တောင်တော့ဖြစ်သွားတယ် ရုတ်တရက်ဆိုတော့ .. ဟ .. ဟုတ်ပါ့မလားလို့ပေါ့။ ကျနော်တောင်ကိုယ့်အိပ်ထဲမှာဘာတန်တွေ ဘယ်လောက်တန်တွေပါတယ်ဆိုတာမသိပါဘူး ဒီအတိုင်းရှိတဲ့ပိုက်ဆံကောက်ထည့်လာတာပါ။ သူပြောတဲ့ဂဏန်းတွေရှာကြည့်တော့ တစ်ကျပ်တန် က […]


fattyFebruary 3, 20111min765
ကျနော် ဗေဒင်ကိုတော်တော်လေး လေးစားပါတယ်။ လောကမှာ အောင်မြင်နေသူတွေ အများစုဟာ ဗေဒင်မမေးဖြစ်ကြပါဘူး။ ကျဆုံးပြီ ဆိုတော့မှ ဗေဒင်ဆရာဆီကိုအပြေးလေးပြေးကြတာပါ။ ကျနော်ကတော့ ဝါသနာကိုကပါတော့လေ့လာပါတယ်။ လေ့လာတာက ပညာကိုလေ့လာတာမဟုတ်ပါဘူး ဗေဒင်ဆရာတွေဆီခဏခဏရောက်တာပါ။ အရင်က ကျနော့ပိုစ်တခုမှာ ရေးပြီးသားလို့ထင်ပါတယ် ဒါကြောင့် အတိုဘဲချုံးပါမယ် ..။ ကျနော့ကို ပါဒကြီးဘုရားထဲက ဆရာတယောက်က ခင်ဗျားကားတိုက်လိမ့်မယ်တဲ့ သတိကြီးကြီးထားပါတဲ့ ဟောလိုက်သဗျ။ ရန်ကုန်က ဆရာ၂ ဦးလောက်ကလဲ ဟောတယ်ဗျ ဒါနဲ့ နောက်ဆုံးတော့ ကိုယ်တိုင် မမောင်းရဘဲ သူများမောင်းတဲ့ကား စီးရင်းတိုက်ပါလေရော ကံကောင်းလို့မသေတာပေါ့ ကျနော့ခါးနောက်က ၂ လက်မလောက်အကွာမှာ တဘက်ကားက သံချွန်