ကားကတော်တော် ဒုက္ခပေးနေပြီး ကုမ္ပဏီကဝယ်လိုက်တာပဲ ကားဝယ်တယ်ဆိုပေမယ့် အသစ်တော့ဘယ်ဟုတ်မလဲဗျ မြန်မာပြည်မှာ စက်ရုံထွက် ကားအသစ်စီးတဲ့ လူတန်းစားတွေကသပ်သပ်ရှိတာပဲ ကျုပ်တို့ လိုလူတွေကတော့ အပေါ်ဝိုင်း အောက်ဝိုင်း ဝိုင်းတကာဝိုင်း ကုန်အောင်သွားရှာ ဒါမှမဟုတ် ပွဲစားနဲ့ရှာ ဂျာနယ်ကြော်ငြာထားတာတွေလိုက်ကြည့် ဒီလောက်ပဲပေါ့  နောက်ဆုံး ပွဲစားအစပ်အဟပ်နဲ့ပဲကုမ္ပဏီအတွက်ဝယ်လိုက်ရတယ် ကားကတော့ အကြောကိုတင်းနေတာပဲ  ပွဲစားကလဲ မကောင်းရင် နှစ်ဆပြန်ပေးမယ်ဘာညာ အာမဘန္ဒေ ခံနေ မှတော့ ကျုပ် လည်းသူဌေးကိုယ်စား မျက်စိဇွတ်မှိတ်ပြီးကောင်းတယ်လုပ်လိုက်ရတယ်  ဟုတ်တယ်လေးကျုပ်မှအကုန်နားမလည်တာကို မောင်းကြည့်တော့လဲကောင်းနေတာပဲ နောက်မှတစ်ဖြေးဖြေးသိလာတာက……………. အရှေ့ကမီးကြီးသိပ်မလင်းတာရယ် ယာဉ်မောင်းဘက်ကတံခါးပိတ်ရင်အံမကျတာရယ် ရှေ့လေကာမှန်က မိုးယိုတာရယ် ဝိုင်ဘာက တစ်ချက်တစ်ချက် ထစ်ထစ်နေတာရယ် နောက်တံခါးက လိုင်နာအချို့ပြတ်ထွက်နေတာရယ် အဲယာကွန်းဖွင့်မောင်းရင် Heat တက်တာရယ် အင်ဂျင်အောက်ဖက်က ဆီတွေတစ်စက်တစ်စက် ယိုကျနေတာရယ် ဂီယာထိုးရတာ ကြပ်နေတာရယ် မောင်းနေရင်း စတီယာရင်က  ညာဘက်ကိုဆွဲနေတာလေးရယ်  […]