Phaung PhaungAugust 3, 20121min31524
ဝါဆိုလပြည့်နေ့မှာ ဗိုလ်တစ်ထောင်ဘုရားကို သွားဖူးခဲ့ပါတယ်။ ကျွန်မမှတ်မိသလောက် ရန်ကုန်မှာမွေး ရန်ကုန်မှာကြီးပြီး ဗိုလ်တစ်ထောင်ဘုရားကို တစ်ခါမှမရောက်ဖူးပါဘူး..အဟိ ကြွားတာ… 😀 နေ့ထူးနေ့မြတ်မို့ လူတွေကြိတ်ကြိတ်တိုးစည်ကားနေတာပါပဲ။ ဘုရားဖူးတွေနဲ့ ရင်ပြင်တော် ပေါ်မှာပြည့်နေတာပါပဲ။ မရောက်ဖူးလို့ အေးအေးဆေးဆေးလည်း မဖူးခဲ့ရပါဘူး… လူတွေများနေတာနဲ့။ မိုးကလည်းရွာထားသေးတော့ စိုစိုစွတ်စွတ်နဲ့ မချော်လဲအောင်တောင် မနည်းလျှောက်ခဲ့ရပါတယ်။ တခုတော့ ဘယ်ဘုရားမှာမှမတွေ့ရတဲ့ ဌာပနာတွင်းကိုတော့ ဖူးခဲ့ရပါတယ်။ လူများတဲ့နေ့မို့ တော်တော်လေးတန်းစီလိုက်ရပါတယ်။ အထဲမှာ ရွှေစင်ရွှေသား အတိနဲ့ ဘေးနံရံတွေရော/အမိုးအထိပါ ပူဇော်ထားပါတယ်။ ဌာပနာတွင်းမှာ လည်း ဘုရားဖူးပြည်သူတွေရဲ့လှူဒါန်းငွေတွေနဲ့ပြည့်နေတာကို တွေ့ခဲ့ရပါတယ်။ ဒီကြားထဲ အမျိုးသမီးကြီးတစ်ယောက်က လူအများလိုတန်းမစီပဲ ထွက်ပေါက်ဖက်ကနေဝင်လာပြီး ထိပ်ဆုံးကနေတိုးကြိတ်ပြီး ဖူးသွားပါတယ်။ ဘုရားအစောင့်ကလည်း ဒီဘက်ကနေဝင်လို့မရပါဘူး ပြောနေတဲ့ကြားထဲကကို အတင်းကိုဝင်တာပါပဲ။ အော်…….. အသက်ကြီးပေမယ့် ……..။ လိပ်ကန်မှာလည်း လိပ်စာကန်စွန်းရွက်တွေ ရေမျက်နှာပြင်မှာအပြည့်ပါပဲ….။လိပ်တွေကလည်း အများကြီးပဲ။ […]