လင်းဝေJuly 25, 20111min1346
အရင် နဝတ(နအဖ) လက်ထက်မှာ ဆက်ဆံရေးဝန်ကြီးအဖြစ်ခန့်ထားခဲ့တဲ့ အခုလက်ရှိအစိုးရအဖွဲ့မှာလည်း အလုပ်သမားဝန်ကြီးအဖြစ်နဲ့ အစိုးရအဖွဲ့မှာ ဆက်လက်ပါဝင်နေသေးတဲ့ ဦးအောင်ကြည်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မယ်လို့သိရပါတယ်။ ဒီနေ့ နေ့လည် တစ်နာရီမှာ ပြုလုပ်မယ်လို့လည်း သိရပါတယ်။ ဒီဆွေးနွေးပွဲဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်ခွင့်နဲ့ပတ်သက်ပြီး အစိုးရဘက်က သတိပေးချက်ကို အန်အယ်ဒီ ဘက်မှ ပြည်ထဲရေး ဝန်ကြီးဆီ စာပြန်အကြောင်းကြားတာနဲ့ ဆက်စပ်မယ်လို့ ထင်ပါတယ်။ ရယ်စရာကောင်းနေပေမယ့် ဘယ်သူမှ ရယ်စရာလို့ မြင်မှာ မဟုတ်ပါဘူး။ ပြည်ထဲရေးဝန်ကြီးကို စာပို့လိုက်တာ အလုပ်သမားဝန်ကြီး နဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဖြစ်သူ ဦးအောင်ကြည်က လက်ခံတွေ့သလိုဖြစ်နေလို့ပါပဲ။ အန်အယ်ဒီ ကို ပြန်လည်နေရာချထားဖို့လားမသိပါဘူး။ ဘာပဲဖြစ်ဖြစ် ပြုလုပ်တဲ့ ဆွေးနွေးပွဲဟာ နေ့လည် သုံးနာရီမထိုးမီလေးမှာ ပြီးဆုံးသွားခဲ့ပါတယ်။ ဆွေးနွေးပွဲ အပြီးမှာ […]