naywoon niSeptember 21, 20111min860
ဧရာဝတီ သင့်ပုခုန်းထက် လှေငှက်တို့နှင့် မကွေးမှသည် မင်းဘူး ဆိတ်ဖြူမှသည် ချောက် အခေါက်ခေါက်အခါခါ လူးလာဖြတ်ကူး ရင်းနှီးဘိ၏..။ ရံဖန်ရန်ခါ မိုးသက်လေနှင်း တိုက်ခိုက်ခြင်းဖြင့် လမ်းပန်းမသာယာ ဖြစ်လေခါဝယ် ဧရာ အသင်ပိုင်းခြားထား လမ်းသလားနေ၍ သွားလာနှောင့်နှေး ပြစ်တင်ဖူးသည် ဧရာဝတီ ……။ ထိုစဉ်ကာလ ငါရဲ့အသက်နှစ်ဆယ်မပြည့်တတ်သေးပေ..။ သို့ပေသောကြောင့် သင့်ငြူစူ ရိုင်းပြျမှုကို ခွင့်လွှတ်ပါလေ…မြစ်ဧရာရေ…။ နောင်ကလဝယ် သင်ရဲ့တန်ဘိုး သင့်တန်ခိုးကို ငါလေသိခဲ့ရပါပြီ…။ သို့ပေသော်လည်း ယခုချိန်ဝယ် သင်လျှင်နာမကျန်း အတိဒုက္ခ ရောက်နေရသည် ငါကြားမိ၏…။ သင်နှင့်ဝေးကွာနေရပါလည်း သတိတရရှိပါသည်..။ လူကိုယ်တိုင်လည်း သတင်းမမေးနိုင် လာမတွေ့နိုင်သည်ကို ထပ်မံခွင့်လွှတ် ပေးပါလေ…….။ မြစ်ဆုံမှသည် မြစ်ဝဆီသို့ သင်စီးဝင်မြဲ စီဆင်းနေငြား သင့်သတင်းစကား လူတိုင်းနှုတ်ဖျား ပြောကြသည်မှာ သင်သည်နာဖျား အင်အားချနဲ့နေသည်ကို……။ သို့ဖြစ်ပါ၍ […]


Zaw WonnaSeptember 17, 20111min27119
မြန်မာနိုင်ငံမြောက်ပိုင်း ဧရာဝတီမြစ်ရဲ့ စတင် မြစ်ဖျားခံရာဖြစ်တဲ့ မေခ၊ မလိခ မြစ်ဆုံဒေသမှာ မြန်မာ အစိုးရရဲ့ သဘောတူညီချက်အရ တရုပ်နိုင်ငံက တည်ဆောက်နေတဲ့ မြစ်ဆုံဆည် စီမံကိန်းနဲ့ ပတ်သက်ပြီး မီဒီယာတွေမှာ တွေ့ရသမျှ ပုဂ္ဂိုလ်အသီးသီးရဲ့ထင်မြင်ယူဆချက်တွေကို စုစည်း တင်ပြလိုက်ရပါတယ်။ “မြစ်ကော” မြစ်မကောအောင်လို့ သစ်တောတို့ စိမ်းလမ်းရပေမည်၊ ရေဝေတောတွေ ဆိုင်းစို့စို့ မှိုင်းညို့ညို့မှုံရီ၊ ချင်းတွင်း နဲ့ ဧရာဝတီ ရေပြာကြည်သမျှ မြန်မာ့သွေးဟေ့၊ တတောလုံးပြောင်၊ တတောင်လုံးလင်း မြစ်ကျဉ်းမှာ သောင်တွေပေါ်တော့ နောင်အရှည်မမျှော် မြန်မာပျောက်အောင်လို့ ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား စိုးကြောက်ဖွယ်အပျက်သဘောနဲ့ မြစ်ကောမည့် နေ့။    ။ “ကျနော်မြင်တာကတော့ ဒါက ရိုးရိုးရှင်းရှင်းလေးပါ။ ဒီကိစ္စက ပါတီနိုင်ငံရေးထက် မြင့်တဲ့ အမျိုးသားရေးကိစ္စ လို့ မြင်တယ်ဗျ။ တမျိုးသားလုံးနဲ့ ဆိုင်တယ်။ […]


MAUNGSeptember 14, 20111min590
ကျွန်တော် ဒီစာကိုရေးမယ် ရေးမယ် နဲ့၊ ခုမှဘဲ ရေးဖြစ်ပြီ ။ အားလုံး သိကြ တဲ့ အတိုင်းဘဲ ခုတစ်လော မြစ်ဆုံ စီမံကိန်း နဲ့ ပါတ်သတ် ပြီး ငိုတဲ့ သူ ငို၊ ရီတဲ့ သူရီ ၊ ဝမ်းနဲတဲ့ သူနဲ ၊ ဝမ်းသာ တဲ့သူသာ ..အင်း ပြောရရင်တော့ ပွက်လောကို ရိုက်နေတာဘဲ နော ။ ဒါဟာမြန်မာနိုင်ငံ သား တိုင်းမှာတာဝန်ရှိ တယ် ဆိုတဲ့ အဆို ကိုတော့ ကျွန်တော် တို့အားလုံး၊ ဘယ်သူမှ ငြင်းဆန် လို့ရမယ် မထင်ပါဘူး ။ ဟုတ်ပြီ ၊ တာဝန်ရှိလို့ သင့်အမြင် ဘယ်လိုရှိ လဲလို့ မေး […]