black chawDecember 6, 20111min17614
ပြီးခဲ့တဲ့ သောကြာနေ့ညက ဘလက်တစ်ယောက် မန်းမြေသို့ ခရီးယာယီ ထွက်ခွာဖြစ်ပါသည်။ ဘလက်တို့ ၉၄-၉၅ ကျောင်းပြီးကြသူများမှ စီစဉ်သော ခရီးစဉ် တစ်ခုဖြစ်ပြီး လူနိုင်သူငယ်ချင်းတစ်ယောက် မျက်နှာကြောင့် ရန်ကုန်မှာ ရှိနေသော ကိစ္စအားလုံးအား မျက်နှာလွှဲ ခဲပစ်လုပ်ကာ လိုက်ဖြစ်ခဲ့ခြင်းဖြစ်ပါသည်။ သောကြာနေ့ညနေကတည်းက ရှစ်မိုင်ရွှေဘဲ မှာ စုရပ်လုပ်ထားပြီး အနည်းငယ် စားသောက်ဖြစ်ကြပါသည်။ အားလုံးလေးဆယ်ကျော်များဖြစ်နေကြသော်လည်း ငယ်စိတ် ကလေးတွေ ပြန်ဝင်နေကြသဖြင့် ငယ်ငယ်တုန်းကအတိုင်း စားလိုက်သောက်လိုက်ပြောလိုက် ရယ်လိုက်နှင့် ပျော်စရာကြီးဖြစ်နေပါသည်။ သူငယ်ချင်းမတချို့(လေးဆယ်ကျော်မိန်းမကြီးများ) က အာဇာနည် ဝမ်းမန်းရှိုးကို မျက်ဝါးထင်ထင် ကြည့်နေကြပါသဖြင့် စောင့်နေရခြင်းလည်းဖြစ်ပါသည်။ ကျွန်တော်ကျောင်းသားဘဝကတည်းက ဒီလိုခရီးစဉ်မျိုးကို လိုက်ပါလေ့မရှိပါ။ ဒီတစ်ခါတော့ ဆရာတွေလည်းပါမည်။ ဟောကြပြောကြ ဆွေးနွေးကြမည်ဟုလည်း သိထားပါသဖြင့် လိုက်ဖြစ်ခဲ့ခြင်းဖြစ်ပါသည်။ ခရီးစဉ်အကြောင်းကတော့ အသေးစိတ်မရေးတော့ပါ။ နောက်နေ့ မနက် ဟော်တယ်မန္တလေးတွင် […]