ကို သာSeptember 20, 20121min1311
မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ဖြေလျော့မှုကို အလေးအနက် ထောက်ခံကြောင်း အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီသို့ ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့်တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ဝါရှင်တန်ဒီစီရှိ U.S. Institute of Peace တွင် စက်တင်ဘာလ ၁၈ ရက်နေ့က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ”အရေးယူပိတ်ဆို့မှုတွေ ဖြေလျော့တာကို ကျွန်မအလေးအနက် ထောက်ခံပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ ကိုယ်ပိုင်ကံကြမ္မာအတွက် စတင်တာဝန်ယူရမှာ ဖြစ်လို့ပါ။ ဒီမိုကရေစီဖြစ်ထွန်းရေး အရှိန်အဟုန်ကို ထိန်းသိမ်းနိုင်ဖို့အတွက် အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေအပေါ် မိမိတို့အနေနဲ့ မမှီခိုသင့်တော့ပါဘူး။ ကျွန်မတို့အနေနဲ့ ကိုယ့်ဖာသာကိုယ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ ကျွန်မတို့ကို ကူညီနိုင်တဲ့ တခြား နည်းလမ်းတွေလည်း ရှိပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ […]