DaveDecember 23, 20091min1011
ကိုကိုချစ်တို့လို ချာချာသီချင်းလေးတွေ၊ ဘလူးစ်လေး တွေနဲ့ အောင်မြင်ခဲ့တဲ့ တေးသံရှင် ကော်နီရဲ့ နောက်ဆုံးထွက် ကာလာဖူးလ် Colourful သီချင်းစီဒီကို မြန်မာဂီတပရိသတ်တွေ တစ်ခဲနက်အားပေးခဲ့ကြပါတယ်။ ကော်နီဟာ ဝါရင့်အဆိုတော်တစ်ဦးဖြစ်တာနဲ့အညီ မျိုးဆက်သစ်အနုပညာ ရှင်လေးတွေကိုလည်း လက်ကမ်းကြိုဆိုချင်တဲ့ ဆန္ဒရှိတာကို သိရတာကြောင့် ဒီနေ့ ခေတ် ဂီတရေစီးကြောင်းပေါ်က မျိုးဆက်သစ်တွေရဲ့ အပေါ်အမြင်ကို မေးကြည့်တဲ့အခါ.. ခုခေတ်ကလေးတွေက လည်း တော်ကြပါတယ်။ အခု ခေတ်က ဖြစ်တာရော ပျက်တာရောမြန်တယ်။ မျက်စေ့ရှေ့မှာ တင် ကိုယ်တော်နာမည်မသိ လိုက်ရသေးဘူး။ နောက်က ပျောက်သွားတယ်။ အဲဒီလို မျိုး ထက်စာရင် ရေရှည်တည်တံ အောင် ဖြစ်စေချင်တာပေါ့။ ဒါ ပေမယ့် ကံနဲ့လည်းဆိုင်ပါတယ်။ တချို့တော်တဲ့ကလေးတွေ လည်း အရမ်းတော်ပေမယ့် မတိုးတက်တာ အများကြီးပါပဲ။ Melody World […]