ပညာသင်ကြားနေကြတဲ့ ယနေ ့တက္ကသိုလ်ကျောင်းသားတွေရဲ ့ကုန်ကျစရိတ်ဟာ မလွယ်လှတာ မိဘတွေတိုင်း သိကြုံနေရတဲ့ ပြသနာပါ။တချို ့တွေကတတ်နိုင်ပေမယ့်၊ တချို ့မိဘတွေမှာ အားကိုးရာရှာကြရပါတော့တယ်။ပညာရေးအတွက် လက်မနှေးတဲ့ ဖောင်ဒေးရှင်းတွေ မနည်းပေမယ့်၊သူတို ့ပေးနိုင်တာကလုံလောက်တဲ့ ထောက်ပံ့မှုမဟုတ်ပေမယ့်အတိုင်းအတာတစ်ခုထိတော့ ဖြေရှင်းပေးနိုင်တာမို ့အားကိုးစရာပါ။ဒီအဖွ ဲ့အစည်းတွေထဲမှာ မှော်ဘီ မင်္ဂလာတိုက်ဆရာတော်ဦးသုမင်္ဂလ ဖောင်ဒေးရှင်းလဲ အပါအဝင်ပါ။ ဆရာတော်ဟာ မင်းကောင်းမင်းမြတ်၊ခွေးကို အဖေခေါ် စတဲ့တရားတော်တွေနဲ ့မြစ်ဆုံဆည်ကြီးကိစ္စတွေကြောင့် ငြိုငြင်ခံနေ ရသူဖြစ်ပါတယ်။သံတွဲမြို ့မှာ ၂ ရက်တာ သီတင်းသုံးနေထိုင်သွားတဲ့ဆရာတော်နဲ ့တွေ ့ဆုံခွင့်မရခဲ့ပေမယ့်၊ ဆရာတော်ရဲ ့ ညီ တော်စပ်သူ  ဦးပဇင်းနဲ ့တွေ ့ဆုံစကားပြောခွင့်ရခဲ့ပါတယ်။ ဆရာတော် ဦးသုမင်္ဂလဖောင်ဒေးရှင်းကနေ ရရှိလာတဲ့ ဓမ္မပူဇာငွေတွေကို ကျန်းမာရေး၊ပညာရေး၊ဘုန်းတော်ကြီးကျောင်းသင် ပညာရေးအပါအဝင် ရေတွင်း၊ရေကန်၊တံတားတည်ဆောက်ရာနေရာများအပါအဝင် နိုင်ငံနဲ ့အဝန်းပြန်လည်လှူဒါန်းနေတာ အားလုံးသိပြီးဖြစ်မှာပါ။ ယခုအခါ […]