အညာတမာJune 17, 20121min31219
ယနေ့ လက်ရှိပြောင်းလဲနေတဲ့ မြန်မာ့နိိုင်ငံရေးအပေါ် နိုင်ငံတကာမှ အစိုးရအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းမဟုတ်သော အသင်းအဖွဲ့များ၊ ထင်ရှားကျော်ကြားသောလူပုဂ္ဂိုလ်များ…စသော.. စသော နယ်ပယ်စုံအသီးသီးမှ အပြုသဘောဆောင်သော၊ အကောင်းမြင်သော ကြိုဆိုမူများကို တွေ့ရ၊ မြင်ရ၊ ကြားနေရပါတယ်။ နိုင်ငံပိုင်သတင်းစာများ၊ ပြည်တွင်းရှိ မြန်မာဂျာနယ်များတွင်လည်း ဤနိုင်ငံရေး အပြောင်းအလဲအပေါ် နိုင်ငံတကာမှ အသိအမှတ်ပြုမူများကို အလေးပေး ရေးသားလာတာကို တွေ့နေရပါတယ်။ တစ်ချို့ကလည်း ဤပြောင်းလဲမူသည် နှေးကွေးလွန်းသည်ဟု ဝေဖန်နေပေမဲ့ အပြုသဘောဆောင်သော လက်ခံမူများကိုတွေ့နေရပါတယ်။ တစ်နှစ်သားကျော်ကျော်သာရှိသေးသော မြန်မာ့နိိုင်ငံ၏ ဒီမိုကရေစီ နိုင်ငံရေး အခင်းအကျင်းအပေါ် ဂျပန်နိုင်ငံရဲ့ တုန့်ပြန်မူကိုတော့ လေးစားရမည်ဟုပြောလိုပါသည်။ ကဲ…ကြည့်ရအောင် ဘာကြောင့်လေးစားစရာ ကောင်းရတာလဲ။ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပေးရန်ရှိသော ကြွေးမြီစုစုပေါင်း အမေရိကန်ဒေါ်လာသန်းပေါင်း ၁၁၀၂၃.၂၉၈ (Over 11 […]