တကယ်တော့ဒါဟာ (ဘာလုပ်မှာလဲ ဘာ်လိုရပ်တည်မှာလဲ) ဆိုတာကို ဝင်မန်းတာကနေ စာများသွားလို ့ တင်လိုက်တာပါ ကြမ်းတမ်းလွန်းရင် မန်းမှုတ်ပြီး ဖျက်ကြပါ။ ကျွန်ုပ်တို ့အားလုံး အားလုံး ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင်းရှိ လှည်းနေ ဂူအောင်း မြင်းဇောင်း မကျန်ရှိ အော်ဆဲတတ် တဲ့အရွယ်ကစ၍ လမ်းဂျိုလမ်းကြား ရေမျှောကမ်းတင် အုပ်ကြားမြက်ပေါက် လှေထိုး၊လွှတိုက်၊ကားစပယ်ယာ၊ဆိုက်ကားဆရာ ဘုန်းကြီးကျောင်းသား ကပ္ပိယ စစ်သား ပြည်သူ ့စစ် မိန်းမရွှင်၊မိန်းမပျက်၊ အခြောက်၊ဂန်ဒူး၊ လိင်တူချစ်သူ အရက်သမား ဖဲသမား သူခိုး ဓားပြ အလုံးစုံသော လူသားတို ့သည် နိုင်ငံရေးနှင့် ဒွန်တွဲပါသော လူ ့အခွင့်ရေး တိုင်းပြည် တိုးတက်ရေးများကို သိရှိနားလည် ကြကုန်ပါရန် လုပ်ဆောင်ရပါမည် အင်တာနက်များမှ ပြောဆိုမှုများသည် အနည်းငယ်သော လူတစ်စု သာနားလည်ကုန်ကြပြီးလျှင် ထိုအင်တာနက် […]