uncle gyiOctober 13, 20121min22313
0netea tw0tea   ဝမ်းတီးတူးတီး ဆိုပြီးအဆိုတော်မေဆွီကသီးချင်းဆို ကိုင်ဇာကလက်ဘက်ရည်ဆိုင်သွားကြပါစို့လေဆို အဲဒီအချိန်ကတည်းကမြန်မာနိုင်ငံမှာလက်ဘက်ရည်ဆိုင်ယဉ်ကျေးမှု တဖြည်းဖြည်းထွန်းကားလာတာ လက်ဘက်ရည်ဈေးကလည်းဖြေးဖြေးလေးနဲ့ငြိမ့်ငြိမ့်လေးတက်တက်လာတာ ကုန်ကြမ်းဈေးတက်လည်းတော့သူလည်းလိုက်တက် ကုန်ကြမ်းဈေးကျတော့သူကပြန်မဆင်းခပ်တည်တည်နဲ့ ဘယ်အစိုးရဌါနကိုမှကြောက်စရာမလို စုူစကာဘယ်သူမှမစွပ်စွဲ လက်ငင်းငွေချေစနစ်အကြွေးမရှိ အလွန်ကောင်းတဲ့စီးပွါးရေးလုပ်ငန်းတခုအဖြစ်ရပ်တည်နိုင်လာပါတယ်   အခြားနိုင်ငံတွေမှာတော့မသိမြန်မာမှာဖြင့်မနက်မိုးလင်းလို့လက်ဘက်ရည်လေးတခွက်မှမသောက်ရရင်တခုခု လိုနေသလိုလို စိတ်ပဲတိုချင်သလိုလို အလိုပြည့်တယ်လို့ကိုမထင်တဲ့သူတွေလူတရာမှာငါးဆယ်ကျော်ရှိမယ် လို့ပြောရင်ကန့်ကွက်မယ့်သူရှိမယ်မထင် ကျွန်တော်တို့လူမှုရေစီးကြောင်းအရကိုကလက်ဘက်ရည်ဆိုင်ဆိုတာမရှိမဖြစ်ဆိုသလိုဖြစ်နေတာ အလုပ်ထဲရောက်ပြီးမကြာဖူးလက်ဘက်ရည်ဆိုင်ထိုင်ပြီးအလုပ်အကြောင်းပြောရဆိုရ ပိုက်ဆံရှိပြီးကားပေါ်ကမဆင်းတဲ့သူလည်းလက်ဘက်ရည်ဆိုင်ထိုင်ပြီးရွှေဈေးကလေး အိမ်မြေဈေးကလေးပြောလိုက်ရမှ ဆိုင်ကယ်ကလေးနဲ့သွားနေတဲ့သူလည်းလက်ဘက်ရည်ဆိုင်ထိုင်ဘာလုံးပွဲအကြောင်းပြောလို်က်ရမှ စက်ဘီးကလေးနဲ့သွားနေသူလည်းလက်ဘက်ရည်ဆိုင်ထိုင်ဆေးလိပ်ကလေးဖွာလို်က်ရမှ နောက်ဆုံးဘာမှစီးစရာမှရှိဘစ်ကားစီးသူတွေလည်းလက်ဘက်ရည်ဆိုင်ထိုင်ကျားထိုးလိုက်ရမှ အဲသလိုအားပေးကြလို့တလမ်းကိုလက်ဘက်ရည်ဆိုင်၃ဆိုင်၄ဆို်င် နဲ့လက်ဘက်ရည်ဆိုင်တွေမိုးဦးကျမှိုတွေလိုဖွင့်လာလိုက်ကြတာ စီးပါွးဖြစ်တဲ့ဆိုင်လည်းဖြစ်ပြုတ်တဲ့ဆို်င်လည်းပြုတ်နောက်ထပ်မိုးကျရွှေကိုယ်တွေကလည်းထပ်ဖွင့်ကြနဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေလက်ဘက်ရည်ရေစီးကြောင်းမှာမျောပါနေကြတာ လက်ဘက်ရည်ဆိုင်စီးပွါးရေး ရေစီးကြောင်းကြီးကလည်းအရှိန်ကောင်းကောင်းနဲ့စီးနေလိုက်တာ အပြိုင်အဆိုင်နဲ့တကယ့်ကိုမြိုင်မြိုင်ဆို်င်ဆို်င် လက်ဘက်ရည်ဆိုင်ရောက်လို့ဘာမှမစားရင်နေလက်ဘက်ရည်လေးတခွက်လောက်သောက်ရင် မြို့ပေါ်ဆိုင်ဆိုအနဲဆုံးတခွက် ၂၀ဝကျပ် အိမ်ရှင်မတွေကောအိမ်ရှင်ထီးတွေပါမကျန်လက်ဘက်ရည်တခွက် ၂၀ဝ ကျပ် ဘယ်သူမှအရေးမထား အပြေးသောက်နေကြတာ     ကျွန်တော်တို့ငယ်စဉ်ကအိမ်နီးချင်ကလေးတယောက်ရှိတယ် လက်ဘက်ရည်သောက်ရမယ်ဆိုထမင်းမစားပဲနေလည်းရတယ်ဆိုတဲ့အထဲက သူ့အကိုနဲ့ကျွန်တော်တို့နဲ့က ကစားဖက်အဲဒီကလေးကလမ်းလျှောက်တတ်ကတည်းကလက်ဘက်ရည်ဆို်င်က်ို မနက်မိုးလင်းပြီဆိုဂျိုင့်ဆွဲပြီးလက်ဘက်ရည်ဝယ်သောက်တာ နေ့လည်ဆိုတခါ ညဆိုတခါ သူ့အိမ်ကလည်းနားအေးပြီးတာပဲဆိုပြီနေ့တိုင်းဝယ်တိုက်တာလူပျိုပေါက်လည်းဖြစ်ရော ဗိုက်အောင့်အောင့်ပြီးဆေးခန်းသွားသွားပြရရောအစာအိမ်ဖြစ်နေပြီမြန်မာလိုဆိုလေထတာ ပါစပ်အရသာတခုကိုအလိုလို်က်လို်က်တာ […]