နွယ်ပင်October 11, 20111min43128
မနေ့က တစ်နေ့လုံးအလုပ်တွေများနေတာနဲ့ နေ့လည်ဘက် အလုပ်မှာဘာမှမစားဖြစ်လိုက်တော့ နွယ်ပင်တစ်ယောက် အိမ်ပြန်ခရီးမှာ ဗိုက်ဆာတာ ဟပ်ထိုးကိုလိုက်နေတာပဲ ။ အိမ်ပြန်ရောက်တော့ အမေ့ကဟင်းချက်နေတော့ ပိုဆိုးတာပေါ့ အနံလေးတစ်ရှူရှူနဲ့ ဗိုက်ဆာနေတာ အရမ်းအရမ်း အဲတာနဲ့ အဝတ်အစားတောင်မလဲတော့ဘဲ ထမင်းစားဖို့ ပြင်တော့ အမေက ရေချိုးပြီးမှ ထမင်းစားရမယ်တဲ့ ဟင်းရည်မကျက်သေးတော့ ရေချိုးပြီးတဲ့အချိန်နဲ့ ဟင်းရည်ကျက်ချိန်အတော်ပဲဆိုတာနဲ့ ရေကို မချိုးချင်ချိုးချင် တစ်ဗွန်းဗွန်းလောင်းချ အကျီအမြန်လဲပြီး ထမင်းစားဖို့ပြင်တော့တာပေါ့ ။ ချက်ထားတာကလည်း တကယ့်ကိုစားချင်စရာ ငါးကြင်းဆီပြန်ဟင်း ချဉ်ပေါင်ရွက်ဟင်းချို ကန်စွန်းရွက်ကြော်နဲ့ ငါးပီရည်တို့စရာဆိုတော့ ဗိုက်ဆာနေတဲ့ နွယ်ပင်တစ်ယောက် ခေါင်းတောင် မဖော်နိုင်တော့ဘူး ။ အားပါးတရစားလို့ တစ်လုပ်နှစ်လုပ်ပဲရှိသေးတယ် အမေက စကားလာပြောနေရော ဗိုက်ကဆာလို့ ထမင်းပဲဖိစားနေတာကို အမေကလဲ မရဘူးစကားအတင်းလိုက်ပြော အဲတော့အမေပြောတာ မကြားလဲ အင်းလိုက်ပေးနေရတာပေါ့ (မဟုတ်ရင် မာသားကြီးက […]