fattyAugust 19, 20101min974
ကျနော်ဟာ ငယ်စဉ်က ဘာသာမဲ့ တဦးဖြစ်ခဲ့ပါတယ်။ မိရိုးဖလာကတော့ ဗုဒ္ဓ ဘာသာပါ။ သရဏဂုံ သုံးပါး တည်လိုက်ရင် ဗုဒ္ဓဘာသာဖြစ်တယ်လို့ လည်းဆိုကြပါတယ်။ ငယ် စဉ်က သရဏဂုံ သုံးပါးကို လေးလေးနက်နက် တည်ခဲ့ခြင်း မရှိခဲ့ပါ။ ယခုအသက်ကလေး ရလာတော့ ဘာသာရေးကို စဉ်းစားမိပါပြီ။ ဗုဒ္ဓဘာသာနဲ့ ပါတ်သက်ပြီး လက်လှမ်းမီရာ စာအုပ်များလည်းဖတ်။ ဒီ ဆိုဒ်ထဲမှာ ပါတဲ့ ဗုဒ္ဓ ဘာသာနဲ့ဆိုင်တဲ့စာစု များကိုလည်းမလွတ်တန်းဖတ်ပါတယ်။ ယခုလောကကြီးဟာ ရုပ်ဝါဒ ကြီးစိုး နေတဲ့ လောကကြီးဖြစ်ပါတယ်။ ဒါကြောင့် တဖက် ကလည်း ရုပ်ဝါဒကြီးစိုးနေ၊ တဖက်ကလည်း ဗုဒ္ဓဘာသာကို လေ့လာချင်ယုံမက လိုက်စားချင် ..ဆိုတော့အခက်အခဲတော့ကြုံရပါတယ်။ စားဝတ်နေရေးကလည်းရှိတော့ လိုချင်စိတ် လောဘစိတ် အနည်းငယ်နဲ့ နေရပါတယ် …… ဘာသာရေး လိုက်စားပြီး […]