black chawMarch 26, 20121min29518
မနက်ဖြန်မှာ ကျရောက်မယ့် လက်ရှိအခေါ်အဝေါ် တပ်မတော်နေ့၊ သမိုင်းထဲမှာတော့ ဖက်ဆစ်ဂျပန်ကို တော်လှန်တဲ့နေ့မို့ တော်လှန်ရေးနေ့ အထိမ်းအမှတ် ပို့စ်လေးတစ်ခုပါဗျာ။ တပ်မတော်စတင်တည်ထောင်တဲ့နေ့က မတ်လ ၂ရ ရက်နေ့ မဟုတ်တာတော့ မှတ်မိနေပါတယ်။ ရေးတေးတေးပါပဲ။ သိကြ မှတ်မိကြတဲ့လူတွေ ပြောကြဆိုကြဖို့ပါဗျာ။ နောက်တစ်ခုက ကျွန်တော် သခင်ဗဟိန်း ဆိုတဲ့ ပုဂ္ဂိုလ်ကြီးကို စိတ်ဝင်စားမိပါတယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဌ ဖြစ်ခဲ့တယ် ဆိုကတည်းက ဒီလူကြီးဟာ နှယ်နှယ်ရရမဟုတ်တာ သေချာပါတယ်။ တိုင်းအလိုက် စစ်ရေး နိုင်ငံရေးခေါင်းဆောင်များကို ရွေးချယ်သတ်မှတ်ခဲ့တဲ့အခါ တိုင်း (၁) ပြည်၊ သာယာဝတီ၊ ဟင်္သာတအရှေ့အတွက် စစ်ရေးခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းကို သတ်မှတ်ခဲ့ပြီး နိုင်ငံရေးခေါင်းဆောင်အဖြစ် ရွေးချယ်သတ်မှတ်ရာမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အလိုက်ဖက်ဆုံးအဖြစ် သခင်ဗဟိန်းကို ရွေးချယ်သတ်မှတ်ခဲ့တယ်။ ဆိုတာကို ကြည့်ခြင်းအားဖြင့် […]