moonpoemSeptember 7, 20111min30618
(ဖတ်မိတဲ့ ဟာသတစ်ခုကို ကိုးကားပြီး ကိုယ့် စိတ်ကူးနဲ ့ပြန်လည် ရေးသားထားခြင်းလို ့ဦးစွာ ဝန်ခံပါရစေ။) ဖတ်ထားတဲ့စာက အနောက်နိုင်ငံက စီးပွားရေးလုပ်ငန်း ကြီး တွေက သူတို့ ရဲ့ ဝန်ထမ်းခန့်ထားရေး မှာ အမျိုးသားဝန်ထမ်းနဲ့ အမျိုးသမီး ဝန်ထမ်းတွေအပေါ်ထားရှိတဲ့သဘောထားလေးတွေကို သရော် ထားတာလေးပါ။ ဖတ်ပြီးပြီးချင်းတော့ အမျိုးသမီးထုကြီးဘက်ကနေ စိတ်တိုမိပေမယ့် သေချာစဉ်းစားကြည့်တော့ ကိုယ်လည်း သူပြောသလို တွေ းနေမိပါလားလို ့ပြုံးမိပါတယ်။ အမျိုးသားတယောက်သာ မနက်စောစောစီးစီး ရုံးတက်ချိန်သမ်းဝေနေရင် မနေ ့ကဘောလုံးပွဲကြည့်လို ့နေမှာပေါ့။အမျိုးသမီးတယောက်သာ စောစောစီးစီး အိပ်ချင်မူးတူးဖြစ်နေရင် မိန်းကလေးဖြစ်ပြီး အစောကြီးရှိသေးတယ် လူမြင်မကောင်းဘူး အိပ်ချင်နေတာ လွန်လွန်းတယ်လို ့တွေးပါသတဲ့။ အမျိုးသားတယောက်ကသူ့စားပွဲပေါ်မှာမိသားစုဓာတ်ပုံတင်ထားရင်သူဟာ အရာရာကိုအလေးအနက်ထားသူဖြစ်တယ်လို့ ယူဆတယ် အဲဒါဟာအမျိုးသမီး တယောက်ဆိုရင်တော့သူမအတွက်မိသားစုဟာ အလုပ်ထက်အရေးကြီးတယ်လို့ ယူဆတယ်တဲ့ အမျိုးသားတယောက်က အကြောင်းကိစ္စတစ်ခုကြောင့် […]