မြသဲ ( 17082011 )September 22, 20131min38413
  ဆောင်ပုဒ်အများဆုံးဟာ မြန်မာနိုင်ငံလို့အဆိုရှိပါတယ်။ 🙂 ကျွန်မလေ့လာကြည့်သလောက် တကယ်လဲဆောင်ပုဒ်တွေများပါတယ်။ အဲဒီဆောင်ပုဒ်တွေကို လိုက်နာသလား၊ ဆောင်ပုဒ်အတိုင်းဖြစ်မြောက်သလားလို့လေ့လာလိုက်တဲ့အခါမှာလဲ တခုမှဖြစ်မြောက်တာမတွေ့ရပါဘူး။ 😀 အခုလဲ Sea Game ကြီးနီးလာတာနဲ့အမျှ အားကစား ဆောင်ပုဒ်တွေလဲ နေရာတိုင်းတွေ့လာရပါတယ်။ မရိုးနို်င်တဲ့ဆောင်ပုဒ်ကတော့ မြန်မာ့အားကစား ကမ္ဘာလွှမ်းရမည် နဲ့ မြန်မာ့အားကစားကမ္ဘာသို့ ဆိုတဲ့ဆောင်ပုဒ်တွေပါပဲ။ ကျွန်မသားလဲ မဖြစ်ညစ်ကျယ်အားကစားလုပ်ပါတယ်။ ကျွန်မလဲ သူထိုင်ဂိမ်းနှိပ် တီဗွီကြည့်နေမှာစိုးတဲ့ အတူတူကိုယ်လက်လှုပ်ရှားဖြစ်ပါစေဆိုပီး လွှတ်ထားပေးပါတယ်။ သူကတော့ ရေကူးနဲ့ ကြက်တောင် လုပ်ပါတယ်။ ရေကူးကတော့ မန်ဘာဝင်ပြီး တပါတ်နှစ်ရက်လောက် ရေကူးကန်ပို့၊ ကိုယ်ကထိုင်ကြည့်ပြီးပါတယ်။ ဒါပေမဲ့သူသိပ်စိတ်မဝင်စားပါဘူး။ ကြက်တောင်ကိုပိုအားသန်ပါတယ်။  ကြက်တောင်ကကျတော့ ကျောင်းမှာပဲရိုက်ရတော့ သူက Club ဝင်ချင်တယ်ပြောပါတယ်။ ဒါနဲ့ ကျွန်မလဲ စဉ်းစားလိုက်တော့ နှစ်လမ်းထိပ် မှာ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ကြီးမှဟီးနေတာပဲ။ ခန့်ညားလိုက် တဲ့အဆောက်အအုံ။ […]


Ko chogyiAugust 15, 20121min13211
၁၉၈ဝ ခုနှစ် ပတ်ဝန်းကျင်လောက်က ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ရှိ အဖိုးဖြစ်သူ(မိခင်၏အဖေ)ထံသို့ အလည်အပတ်သွားရောက်ခဲ့ပါသည်။ ထိုမြို့ငယ်လေးတွင် မိခင်ဘက်မှ အမျိုးတော်တော်များများရှိခြင်းကြောင့် တစ်အိမ်မှတစ်အိမ်ကူးကာ လည်ပတ်စားသောက်ရင်းပျော်ရွှင်ခဲ့ရပါသည်။ ယခုအခါ ထိုမြို့တွင် ကျွန်တော်သွားလာ လည်ပတ်ခဲ့သော နေရာများမရှိတော့ပါ။ နှစ်စဉ် ရေတိုက်စားမှုကြောင့်မြို့ပြောင်းရွှေ့မှုအကြိမ်ကြိမ်ပြုလုပ်ရခဲ့ပြီးမူလနေရာနှင့် အလှမ်းကွာဝေးသည့်   နေရာသို့  ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါသည်။ အဖိုး၏အိမ်မှာ ဘောလုံးကွင်းနှင့် မြို့နယ်ကောင်စီရုံးရှေ့၊ ရဲစခန်းဘေးတွင်ဖြစ်ပါသည်။ နှစ်ထပ်သစ်သား အိမ်ကြီးဖြစ်ပြီး ရေနံများမဲနေအောင်သုတ်ထားပါသည်။ အိမ်အနောက်တွင် နွားတင်းကုတ်ဆောက်ထားပြီး နွားတင်း ကုတ်မှာ အိမ်ထက်ပင်ကြီးမားလှပါသည်။ နွားကောင်ရေ ၅ဝ ကျော်မွေးထားရာ အိမ်တွင်အစာကျွေးရုံဖြင့် မရဘဲ စားကျက်ခင်းများသို့ လွှတ်ကျောင်းရပါသည်။ ကျွန်တော်လည်း ကလေးပီပီ နွားကျောင်းရာသို့ လေးခွတစ်လက်ကိုင်ကာ လိုက်သွားမိပါတော့တယ်။ အဲဒီမှာ နွားကျောင်းသားရဲ့ ဖြစ်အင်ကို  တွေ့လိုက်ရပါတော့တယ်။ နွားအုပ်ထဲမှာ အဖြူ၊ အနီ၊ အနက်၊ […]