လင်းဝေSeptember 2, 20101min1484
ဒီနေ့ နည်းနည်းအားနေတော့ အင်တာနက်ပေါ် ဟိုဟိုဒီဒီ လျှောက်ကြည့်ဖြစ်တယ်။ ဟောင်ကောင်မှာ ဆန္ဒတွေပြကြတာလည်းကြည့်လိုက်ရတယ်။ ဟောင်ကောင်လူမျိုး ရယောက် မနီလာမှာသေသွားတဲ့ကိစ္စကို မကျေနပ်လို့။ ဖိလစ်ပိုင်ရဲတွေ ကိုင်တွယ်ဖြေရှင်းပုံနဲ့ ပါတ်သက်လို့ဒေါသထွက်နေကြတဲ့ ဟောင်ကောင်လူမျိုးတွေ လမ်းမပေါ်မှာ ဘုတ်တွေကိုင်ပြီး စာတန်းတွေကိုင်ပြီး လမ်းလျှောက်ကြတာပါ။ ဖိလစ်ပိုင်သံရုံး က ဟောင်ကောင်မှာ ရှိလားမရှိလားမသိပါဘူး။ သတင်းထဲမှာ လည်း သတိမထားမိလိုက်ဘူး။ ဆက်စပ်ပြီး Discovery ရုပ်သံ ရုံးချုပ်မှာ သေနတ်သမားက ဝင်ပြီး ဓားစာခံတွေ ဖမ်းထားတာကို ရဲက နှိမ်နင်းလိုက်နိုင်တဲ့သတင်းလည်းတွေ့မိတယ်။ သေနတ်သမားကိုတော့ အသေပစ်သတ်လိုက်တယ်လို့ပြောပါတယ်။ တော်လိုက်တဲ့ လက်ဖြောင့်တွေ။ မနီလာမှာတော့ ဘာတွေလုပ်နေမှန်းကို မသိတာ။ ရဲတွေက ကြောက်ကြောက်နဲ့ လျှောက်ပစ်တာနေမှာပါပဲ။ တီဗွီထဲမှာ မြင်ရကတည်းက အားမရတာ နောက်ဆုံး ရယောက်တောင်သေတယ်ဆိုတော့ တော်တော်ကြီးကို အံ့အားသင့်မိသွားတယ်။ နောက် အဲဒီမှာ […]