manawphyulayAugust 9, 20101min671
ဒေါက်တာ မြင့်ဦး (ဂျီပီ) တုပ်ကွေးရောဂါ ကုသရာမှာ အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးရတာ အပြင် အရည်များများသောက်ပြီး အနားယူပေးဖို့ တိုက်တွန်းထားတာကို တွေ့ရှိရပါတယ်။ ရေသောက် ခြင်းဟာ အစွမ်းထက်တဲ့ ဆေးကုသခြင်းတစ်မျိုးဖြစ်တာကြောင့် ဒီတစ်ပတ်မှာ ရေသောက်ခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးအာနိသင်တွေကို တင်ပြပေးပါ့မယ်။ ဘာလို့ရေသောက်ဖို့လိုအပ်ပါသလဲ လူ့ခန္ဓာကိုယ် အသွေးအသားတွေ တည်ဆောက်ထားရာမှာ ၆ဝ ရာခိုင်နှုန်းက ရေဓာတ်တွေ ဖြစ်ပါတယ်။ ဇီဝကမ္မဖြစ်စဉ်တွေ ပုံမှန်လည်ပတ်နေစေဖို့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရေဓာတ်တွေ သူ့နေရာနဲ့သူ အချိုးအစားမျှတစွာ ရှိနေဖို့ လိုအပ်ပါတယ်။ သွေးထဲမှာ ရေဓာတ် ၉၅ ရာခိုင်နှုန်းပါဝင်နေရပြီး ကြွက်သားတွေထဲမှာ ၇၅ ရာခိုင်နှုန်း၊ ခန္ဓာကိုယ်အဆီအပြင်တွေထဲမှာ ၁၄ ရာခိုင် နှုန်းနဲ့ အရိုးတွေထဲမှာ ၂၂ ရာခိုင်နှုန်း ပါဝင်နေပါတယ်။ ဦးနှောက်၊ အဆုတ်၊ အစာအိမ်၊ […]