Yin Nyine NwaySeptember 29, 20101min1477
နောက်ဆုံးနှစ်ကျောင်းသားတစ်ဦး အား အင်တာဗျူးလိုက်ခြင်း မေး-စာမေးပွဲဖြေရတော့မယ်နော်။ ဘာတွေပြင်ဆင်နေပြီလဲ? ဖြေ-အချိန်မီ ဆရာ့ထဲကို ကိုယ့်ခုံနံပါတ်လေးပါသွားအောင် ကျူရှင်လခသွင်းနေပါတယ်။ နောက်တစ်ခုကတော့ ဆရာတွေလိပ်စာကို စုဆောင်းနေပါတယ်။ ဒါမှလည်း စာမေးပွဲပြီးပြီးချင်း ကန်တော့လို့ရအောင်ပါ။ ကန်တော့ဖို့ ပိုက်ဆံကိုတော့ ဟိုနေ့ကမှ အိမ်ကိုလှမ်းပြီးဖုန်ဆက်ပြောထားပါတယ်။ လောလောဆယ် စာတော့ မလုပ်ဖြစ်သေးဘူး။ မေး-ဒါကနောက်ဆုံးနှစ်လည်းဖြစ်တယ် ဒီစာမေးပွဲအောင်ရင် ဘွဲ့လည်းရတော့မယ်ဆိုတော့ ဘယ်လိုခံစားရလဲ? ဖြေ-သိပ်ကိုဝမ်းနည်းပြီး ယူကြုံးမရဖြစ်မိပါတယ်။ ဘာလို့လည်းဆိုတော့ တစ်ကယ်လို့ ဘွဲ့ရခဲ့ရင် ကျွန်တော့်အနေနဲ့က တရားဝင် လိုင်စင်ရ အလုပ်လက်မဲ့တစ်ယောက် ဖြစ်သွားပါပြီ။ အခုကကျောင်းတက်နေတာဆိုတော့ ဘာပြောပြော ကျောင်းသားဘဝဆိုတော့ အိမ်က ထောက်ပံ့ပေးနေဆဲပါ ဒါပေမယ့် ကျောင်းပြီးသွားရင်တော့ လုံးဝကို supply တွေပိတ်ကုန်မှာဖြစ်ပါတယ်။ ဒီတော့ ကျွန်တော့ အနေနဲ့ကတော့ ကျောင်းတော်ကြီးကို လွမ်းတာတို့ သူငယ်ချင်းတွေကို တမ်းတတာတို့ ချစ်သူလေးကို ခွဲရမှာတို့ထက် […]