chit layAugust 4, 20111min1066
မဆုံနိုင်တဲ့စည်းတွေခြားထားလဲ သတိရနေတုန်းပဲ မောင် မဖြစ်နိုင်မှန်းသိပေမယ့်လဲ တမ်းတနေတုန်းပဲ မောင် ညညမက်တဲ့ အိပ်မက်တွေထဲမှာ ထည့်မက်နေတုန်းပဲ မောင် မောင် ကြိုက်တဲ့သီချင်းတွေ ခပ်တိုးတိုးညည်းနေတုန်းပဲ မောင် မောင့်ကိုယ်သင်းနံ့လေးတွေကို မှတ်မိနေတုန်းပဲ မောင် မောင့်ပုံရိပ်တွေကို မြင်ယောင်နေတုန်းပဲ မောင် ကျွန်မကို ရူးအောင်ပြုစားခဲ့တဲ့ မောင် တစ်နယ်စီရပ်ခြားမှာ ပျော်နေရဲ့လား ကျန်းမာရေးမှကောင်းရဲ့လားလို့ တွေးပူမိနေသေးတယ် မောင် နောက်ဘဝမှာ ပြန်ဆုံခွင့်ဆိုတာ ရှိခဲ့ရင် ပေါင်းစည်းခြင်းတွေနဲ့ပဲ ဆုံဆည်းချင်သေးတယ် မောင်ရယ် လွမ်းနေပေးပါလို့ မတောင်းဆိုချင်ပေမယ့် တိုက်ဆိုင်မှုရှိတိုင်း သတိရပေးပါ မောင်ရယ် အလွမ်းတွေက ခါးသက်တယ်ဆိုပေမယ့် ချိုမြိန်တဲ့ သတိရစရာတွေကို မေ့မပစ်ပါနဲ့ မောင်ရယ် နော် ပြန်ဆုံနိုင်ခွင့်ရှိခဲ့မယ်ဆိုရင် မောင် လို့ခေါ်ခွင့် ရချင်ပါသေးတယ် ချစ်လားလို့ အကြိမ်တစ်ရာမက မေးခဲ့ပေမယ့် ချစ်တယ်လို့ တစ်ခွန်းဖြေဖို့ […]