black chawOctober 30, 20111min18014
တကယ်တော့ ဘလက်က စာရေးလေ့ရှိသူတစ်ယောက်မဟုတ်ပါ။ စာဖတ်သူတစ်ယောက်သာ ဖြစ်ပါသည်။ သို့သော် စိတ်ဓါတ်ကျနေသော အချိန်တစ်ခုတွင် ဖွင့်ဖတ်မိသော မန်းဂဇက်က ဘလက် ၏ စိတ်ကို လန်းဆန်းစေခဲ့ တက်ကြွစေခဲ့ကြောင်း ဝန်ခံချင်ပါသည်။ ဘလက် က ထိုစဉ်က အလုပ်ခွင်တစ်ခု၏ Admin Manager လုပ်နေသောအချိန်ဖြစ်ပါသည်။ သင်တန်းတွေတက်ပြီး လက်တွေ့ အသုံးချချင်နေသော ဘလက်နှင့် ရှေးရိုးစွဲ အလုပ်ရှင်များကြား အမြင်မတူညီမှုကြောင့် ရခဲ့သော Stress တွေက ဂဇက်ထဲရောက်လျှင် နည်းနည်း လျော့သွားသလိုခံစားရပါ၏။ ဘလက်အတွက်တော့ မန်းဂဇက်သည် Stress တွေပတ်လည်ဝိုင်းနေသော ပင်လယ်ကြီးတစ်ခုအတွင်းမှ စိတ်ဖြေရာကျွန်လေးတစ်ကျွန်း ဖြစ်ပါသည်။ တစ်နေ့က ဓါတ်ပုံဖေါ်ပြသော ကိုဖက်တီး ၏ သတ္တိ ကို အားကျမိပါသည်။ နောက် နီဂိမိ ဟူသော ပုဂိ္ဂုလ် အကောင်းစားလေးတစ်ယောက်ကလည်း […]