naywoon niJuly 27, 20111min871
မဆုံးတဲ့ ….သီချင်း—၁၈ *သစ္စာမဲ့တဲ့ ပိတောက် တစ်နှစ်လုံးလမ်းလျှောက်နေတယ်..။ *တစ်ပင်လုံးဝါထိန် ရနံ့များမှိန်ပျောက် နေရာတစ်ကာ သူရောက်နေတယ်..။ *ချောက်လှန့်မှုအိပ်မက် တစ်ညလုံးနှိပ်စက် နွေညတွေကို အိပ်ရေးပျက်စေခဲ့..။ * ကဗျာသမားဘဝ ထင်ထားသမျှထက်ကြမ်းရှ (ဒါပေမဲ့) ရင်ထဲက ဒုက္ခချိ်ုမြိန်နေ…။ *အပျိုမ လှအောင်ဖန်တီး နမ်းရှိုက်ပြီး နွမ်းမသွားခင်…။ * အလှဖွဲ့ ကဗျာ ရသမဲ့ကဗျာ ဘဝရဲ့ကဗျာ ဗလာကဗျာ ခပ်နာနာထုထောင်း ဖုန်ခါပြီးရောင်းလိုရောင်း….။ အတွေးမပြောင်း သဏ္ဍာန်ဟောင်းနဲ့ ယိုင်နဲ့နဲ့ နိုင်မဲ့ကစားပွဲ တစ်ခု နှစ်တွေကျော်လွန်ခဲ့ပြီလေ…….။ * ပေတံတစ်ချောင်နဲ့ ဆယ့်ခြောက်နှစ်ရဲ့ အစွန်းတစ်ဖက် ပြီးခဲ့တဲ့ အတိတ်ဟာ အိပ်မက်သာသာပါပဲ..။ * ရာသီအိုဖာထေး အမြင်မှေး အထင်သေး သွင်သွင်ကျိုးနေတဲ့ ခြေထောက်ရဲ့ အောက် မျက်ရည်ပေါက်တွေကျခဲ့ဖူးတယ်..။ အဲဒိလိုနဲ့..။ ငါ သွားစမ်း […]