naywoon niOctober 26, 20111min26518
အတွေးထဲ ရောက်နေတဲ့ အကြောင်းအရာလေးတွေ ရွာထဲမှာ လာလာတွေ့နေရတော့ တစ်ဖြေးဖြေးနဲ့တော့ ဇာတ်ရည်လည်လာပါပြီ….။ ကိုယ်တိုင် ဘယ်ကပြန်ပြီး စပြောရမှန်းမသိတာ သူတို့လေးတွေက အစဖော်ဖော် ပေးနေသလိုဖြစ်လာလို့ ကျေးဇူးလည်းတင်ပါတယ်…။ ဟုတ်ပါတယ်…။ ခေတ်အလွဲ ပါ…။ အဲဒါနဲ့ ပါတ်သက်ပြီးပြောရရင် မျိုးဆက် အကြောင်းပါ ပြောရလိမ့်မယ်…။ ကနေ့ လူကြီးနဲ့ လူငယ် မျိုးဆက်ကွာဟမှုဟာ အပိုင်းအခြားကျဉ်းမြောင်းသွားတာပါ…။ ယခင်ကတော့ မျိုးဆက်တစ်ဆက်နဲ့ တစ်ဆက် နှစ်သုံးဆယ်လောက် ကွာမှ အတွေးအခေါ် အယူအဆ ကွာဟ ပေမဲ့ ကနေ့ ဆယ့်ငါးနှစ်လောက် အသက်ကွာရင်ကို မျိုးဆက်တစ်ဆက် ကွာဟသွားပါပြီ…။ ဆိုလိုတာက နေဝန်းနီ တို့ အသက် 40-45 ကြားရှိတဲ့သူတွေနဲ့ အသက် 25-30 ကြားရှိတဲ့လူငယ်တွေ ဟာ မျိုးဆက်တစ်ဆက်ကွာဟသွားပါပြီ…။ အတွေးအခေါ်ချင်း ခံယူချက်ချင်း ဖြတ်သန်းလာခဲ့ရတဲ့ […]