MgMobileJanuary 28, 20131min24016
အားလုံးပဲမင်္ဂလာပါလို့ ဦးစွာပဏာမ နှုတ်ခွန်းဆက် သလိုက်ပါ၏။ လူတိုင်းမကင်းနိုင်တဲ့ စားသောက်ခြင်းနဲ့ ပတ်သတ်တဲ့ အိမ်တစ်အိမ်မှာရှိတဲ့ ထမင်းစားခန်း မီးဖိုခန်းနှင့် ပတ်သတ်တဲ့ အကြောင်းအရာလေးတွေ ကုန်ကျစရိတ်လေးတွေကို နည်းနည်းပါးပါး သိသလောက် တတ်သလောက် မြင်မိသလောက် ရေးသားတင်ပြခြင်းဖြစ်ပါတယ်။ အသက်ရှည်ဖို့အတွက် ကံ၊ စိတ် ၊ ဥတု ၊ အဟာရ ဆိုသောကြောင့်။ ကျန်းမာစေဖို့အတွက် သန့်ရှင်းလတ်ဆတ်သော အစားအစာ။ ငွေကုန်ကြေးကျသက်သာ ချမ်းသာနိုင်စေဖို့အတွက် စနစ်တကျ စည်းကမ်းရှိမှုများ။ မိသာစု တစ်ခုခြင်းစီအတွက် မီးဖိုခန်းသည် အဓိက အခန်းကဏဏ္ဍ တစ်ခုမှပါဝင် နေသည်ဟု ထင်ပါသည်။ ထို့အတူ မီးဖိုခန်းကို ဦးစီးသော အိမ်ရှင်မ(သို့)ထမင်းဟင်းချက်ပြုတ်သူ တစ်ဦးဦးသည် အရေးအကြီးဆုံး ဖြစ်ပါသည်။ ထမင်းဟင်းချက်ပြုတ်သောအခါ စည်းကမ်းရှိဖို့ သန့်ရှင်းသပ်ရပ်မှုရှိစေဖို့ အရသာကောင်းမွန်စေဖို့ စီမံခန့်ခွဲတတ်ဖို့ လိုအပ်ပါမည်။ လူ့စိတ်ဆန္ဒ […]