manawphyulayJuly 27, 20111min19410
ကျွန်မတို့ လူသားတွေ အားလုံးဟာ ခန္ဓာကိုယ်အသွေးအသား၊ စဉ်းစားဉာဏ်ရှိတဲ့ ဦးနှောက်၊ ခံစားတတ်တဲ့ စိတ်နှလုံးသားတွေနဲ့ လူ့ပတ်ဝန်းကျင်မှာ ကျင်လည်နေကြရပါတယ်။ နံနက်မိုးလင်းမှာ မျက်စိနှစ်လုံး စဖွင့်ချိန်ကစလို့ ခန္ဓာကိုယ်သန့်စင်ရေး၊ စားရေးသောက်ရေး၊ အိမ်အလုပ်၊ ကျောင်းအလုပ်၊ ရုံးအလုပ်စပြီး ကိုယ့်တာဝန်နဲ့ကိုယ် ရုန်းကန်လှုပ်ရှားနေကြရပါတယ်။ နေ့စဉ်လူမှုဘဝမှာ အတူနေတဲ့ မိသားစု၊ အိမ်ထောင်စုဝင်တွေက အစပြုလို့ ကျင်လည်နေရတဲ့ နယ်ပယ်အလိုက် လူအများနဲ့ မဖြစ်မနေ ဆက်ဆံကြရပါတယ်။ အဲဒီအခါမှာ အလုပ်၊ ကျောင်း၊ မိသားစု တာဝန်ဝတ္တရားတွေရဲ့ စိတ်ဖိစီးမှုတွေကြောင့် စိတ်ခံစားမှုအလိုက် စဉ်းစားတွေးခေါ် ပြောဆိုတာလေးတွေ ရှိတတ်တယ်။ လူကြီးသူမတွေကတော့ အိမ်က ပြဿနာ အလုပ်ထဲ မသယ်သွားနဲ့။ အလုပ်က ပြဿနာ အိမ်မသယ်လာနဲ့ လို့တောင် ဆိုစမှတ်ပြုကြပါရဲ့။ ရုံးထဲမှာလဲ ဒီနေ့တော့ ရာသီဥတု မသာယာဘူး ဆိုပြီး […]