Maung Tar TeeMarch 11, 20141min1145
  အမှိုက်တွေ အမှိုက်တွေ… နှလုံးသားထဲထိ လာလာပစ်ကြတယ်… တကယ်ပဲ… ယဉ်ကျေးမှုဆိုတာက စကားအဖြစ်နဲ့သာ ကြားပဲကြားဖူးတော့တယ် မယဉ်ကျေးမှုတွေ အစီအရီနဲ့.. မလိမ္မာမှုတွေ.. တစ်သီတစ်တန်းနဲ့.. လောကကြီးကတော့..ထောက်တိုင်စောင်းနေလေရဲ့ စဝင်လာကတည်းက ကန့်လန့်တိုက်ပြီးဝင်လာတာ… ဘာအကြောင်းနဲ့မှ.. ပြန်တည့်စရာမရှိဘူး.. အလင်းတွေ အမှောင်တွေ .. သေချာတယ်… ကိုယ့်ကိုယ်ကို လောင်ကျွမ်းခံပြီး… ဘယ်သူ့ကိုမှတော့ အလင်းမပေးဖူးဘူး.. ငါ့လှေငါထိုး ပဲခူးပဲရောက်ရောက်.. ဘယ်ပဲရောက်ရောက်…ပေါ့…. ထင်ရာစိုင်း ရိုင်း ဖို့လည်းလွယ်တယ်.. အဲ့တော့ ကိုယ့်အတွက် ကောင်းဖို့.. သူများအတွက်… မကောင်းတာကို သက်တောင့်သက်တာလေးပဲ လုပ်တယ်.. တကယ်တော့…. လောကီစည်းစိမ်ဆိုတာ.. သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေးပဲ.. အဲ့တော့.. ဆေးဖြစ်အောင်ပဲ သုံးမလား.. ဘေးဖြစ်အောင်ပဲ သုံးမလား.. ကိုယ်တွေအတွက်ကတော့ တကယ့်ကို..ပါးပါးလေးပါပဲ..။ ။