Khaing KhaingMarch 30, 20121min38132
မောင် ….. မောင်လို့ခေါ်ပြန်ရင် ရွာထဲကလူတွေက နောက်ကျဦးမယ် …. ဒါပေသည့် မတတ်နိုင်ဘူး … ကျွန်မက မောင့်ကို ချစ်စနိုးနဲ့မောင်လို့ခေါ်တာပဲလေ …….. မောင့်ရှေ့မှာတော့ မောင်လို့ဘယ်တော့မှ ခေါ်ဖြစ်မှာမဟုတ်ပါဘူး ……… မောင်ရယ် ….. အရှုံးပေးထားပါတယ်ဆိုမှ အနိုင်ထပ်လိုချင်တာလား …. မောင့်ကိုမချစ်ဖို့ ကျွန်မနှလုံး သားကိုသော့ခတ်ထားခဲ့ပါတယ် …….. သော့ခတ်ထားတဲ့ နှလုံးသားရဲ့အတွင်းထဲမှာ မောင်ရှိနေတယ် ဆိုတာကိုတော့မောင်မမေ့တန်ကောင်းပါဘူးနော် …. အခုတော့ မောင့်ချစ်သူကို ကျွန်မရှေ့ကိုခေါ် လာတယ် ဒါဟာကျွန်မရဲ့ အသဲနှလုံးကို မောင်တဖဲ့ဖဲ့ချွေနေတာလားဟင် ……. မောင့်ချစ်သူ ဘယ်သူ ဘယ်ဝါဆိုတာ ကျွန်မသိစရာမလိုဘူးလို့ကျွန်မထင်တယ် …. မောင်ချစ်တဲ့ချစ်သူကမောင့်ရင်ထဲမှာပဲ ရှိသင့်တယ် ကျွန်မ မျက်စိရှေ့ကိုရောက်အောင် မောင်ခေါ်ဆောင်မလာသင့်ဘူး မောင်ရယ် ကျွန်မဘဝ က မောင်အသုံးပြုနေတဲ့ လက်တော့လေးလိုပါပဲလား …. […]