” တောက်…ဒီမီးပွိုင့်ကလဲ ဘာကြောင်နေလဲ မသိဘူး ” ခပ်ပြင်းပြင်း တောက်ခေါက်သံတစ်ချက်က ညဉ့်ယံကို ဖောက်ထွင်းပြီးပေါ်လာခဲ့တယ်။… နေရာက လှည်းတန်းမီးပွိုင့်…။ တောက် ခေါက်လိုက်သူက ကင်းတဲမှာ တာဝန်ကျတဲ့ ယာဉ်ထိန်းရဲ တစ်ဦးရဲ့ အသံ…။ အကြောင်းရင်းကတော့ လွန်ခဲ့တဲ့ စက္ကန့် ၃ဝ လောက်ကမှ မီးစိမ်းသွားတဲ့ တက္ကသိုလ်ရိပ်သာလမ်း လမ်းကြောက ချက်ချင်း ဝါ သွားပြီးမကြာခင် အင်းစိန် လမ်းယာဉ်ကြော မီးစိမ်းသွားလို့ပါပဲ ။ ဒီလိုအဖြစ်မျိုးကြုံရတာ ပထမဆုံးအကြိမ် မဟုတ်တော့။အရင်လကပဲ မီးပွိုင့် ချို့ယွင်းနေလားဆိုပြီး ပြုပြင်သူတွေ လာလုပ်ပေးထားတာ။ အခုထပ်ပြီး မီးပွိုင့်က ကြောင်တောင်တောင်ဖြစ်တယ်ဆိုတော့.? သူ့အတွေးမဆုံးလိုက်ပါ ..။ အင်းစိန်လမ်းကြောမှ မီးသတ်ယာဉ်တွေနဲ့ လူနာတင်ကား တစ်စီး အပြင်းဖြတ်သန်း မောင်းနှင်သွာပါတော့တယ်….. ———————————– ကျနော်….။ အိပ်ပျော်နေတဲ့ ယာဉ်ထိန်းရဲကို […]