မှော်   အိပ်မက်နတ်သမီးရဲ့ အနမ်းသစ်သီးကို မွတ်သိပ်စွာခူးဆွတ်မိသူ……………။ ပန်းမုန်တိုင်းကြားမှာ အိပ်မက်လှိုင်းတွေထန်ခဲ့ပေါ့။ “ချစ်တယ်” ………. သူနဲ့တွေ့ရင် ဒီစကားတခွန်းပဲ ပြောတက်တော့တယ်။ ခွဲခွာခြင်း ပုံပြင်ကို သူပြောတုန်းက “ဟိုးရှေးရှေးတုန်းက” လို့မစခဲ့ဘူး။ ကိုယ့်အနာဂတ်က သူ့လက်ထဲကပန်းအိုးတစ်လုံးပါ ကံကြမ္မာဆိုတာ သူစေညွန်ရာပေါ့။ အဲဒီလို ရူးခဲ့တဲ့ကောင်ရဲ့ ညတိုင်း…………. အိပ်မက်တွေရိုင်းခဲ့တယ်။