Ma MaOctober 13, 20131min38724
၁၃. ၁၀. ၂၀၁၃ တနင်္ဂနွေနေ့ နံနက် ၉း၃ဝ နာရီမှာ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ဝါးတန်းလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ ပန်ဒါဟိုတယ်တွင် ဘေးကင်းလုံခြုံ၍ ပြည်သူများ စိတ်ချစွာ စားသုံးနိုင်သော ရေကျိုငါးပိဈေးကွက်ကြီးတစ်ခု ဖြစ်ပေါ်လာရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။     အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်လုပ်ငန်းရှင်များအသင်း (ယာယီ)က တာဝန်ယူပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းက ကြီါ်မှုး၍ ကျင်းပပြုလုပ်ခဲ့ပါတယ်။   တိုဆွေးနွေးပွဲသို့ အသိပညာရှင်၊ အတတ်ပညာရှင်များ၊  ရေကျိုငါးပိလုပ်ငန်းရှင်များ၊ ဆက်စပ်လုပ်ငန်းရှင်များ၊ စားသုံးသူပြည်သူများ၊  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းဥက္ကဌနှင့် အသင်းဝင်များ၊ မီဒီယာသမားများ တက်ရောက်ခဲ့ကြပါတယ်။     ရေကျိုငါးပိပြုလုပ်ရာမှာ ဓာတ်မြေဩဇာထည့်သွင်းပြုလုပ်သဖြင့် စားသုံးရန်မသင့်ကြောင်း မီဒီယာများမှတဆင့်  လူထုအကြားသို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေသည့်ကိစ္စနှင့်ပတ်သက်ပြီး ထုတ်လုပ်သူ၊ စားသုံးသူကာကွယ်ရေးအသင်းနှင့် စားသုံးသူများက ရှု့ထောင့်ပေါင်းစုံမှ […]