မြောက်လေ က အေးအေးလေး… တောင်တန်းပေါ်မြူရစ်လို့.. လက်ချင်းတွေ ဆုပ်ကိုင်… ကိုရေ…. ဟိုငှက် က ဘာလဲ တဲ့…. အဖြူရောင် ဗျိုင်းလေး…. တင်စားကြည့်တယ်… ဆောင်းငှက်လို့….။ တစ်ခါတစ်လေ ရင်ထဲကိုဝင်… တစ်ခါတစ်လေ အရိုးထဲ ထိစွဲ တစ်ခါတစ်လေ ပါးပြင်ပေါ်တက်… ကိုရေ… အဲ့ဒါဘာလဲတဲ့…. အရိုးခိုက်တဲ့ မြောက်လေ… တင်စားကြည့်တယ်.. ဆောင်းမင်းသမီး လို့…။ ရင်ထဲ မှာနွေးတယ်.. အသည်းထဲ မှာအေးတယ်… ပါးပြင်က ရဲ လို့…. ကိုရေ…. မေ’ လားတဲ့… ချစ်လှ တဲ့ ချစ်သူ.. တင်စားကြည့်တယ်… ဒီဇင်ဘာလို့..။