ကဲ ပိတ်သတ်ကြီး ရေ ဒီတလော ဖွဘုတ် မှာ မော်ဒယ် တစ်ယောက် ကို MAI က လေယာဉ်မောင် က လေယာဉ်အတက် မှာ ဖုန်းပိတ်ခိုင်းလို့ ဆိုပြီး မော်ဒယ် က ချဲ ထားတာ ကို ဖတ်မိကြရဲ့လားဗျ။ မဖတ်မိသေးဘူး ဆိုလဲ အတိုချုပ် က ဂလို ဗျ။ သူ့သူငယ်ချင်း တစ်ယောက် က လေယာဉ်မောင် ပြောတာကို နားကြပ် တပ်ထားလို့ မကြားလိုက်ဘူးပေါ့။ အဲ့ဒါ ကို သူတို့က ဝိုင်းရယ် တော့ ဒါ safety အတွက် ပြောတာ ရယ်စရာ မဟုတ်ပါဘူး လို့ ပြောသတဲ့။ ဒါက တကြောင်း နောက်ပြီး ဖုန်းကို Airplane mode လုပ်ထားတယ် ဆိုတာကို ပါဝါ ပိတ်ပေးပါ […]


စဆရ ႀကီးOctober 19, 20121min37028
“ဖုန်း” ကနဲမြည်အောင် ထင်းစည်းကို ကိုရင်ရှူံးပြစ်ချလိုက်သည်။ ကျောင်းမှပြန်လာပြီး ဂျင်းဘောင်းဘီဝတ်၊ တောစီးဖိနပ်ကိုစီးပြီး ဓါးမတစ်ချောင်းကို ခါးကြားတွင်ထိုးကာ မနေ့က ခုတ်ထားခဲ့သည့် ထင်းများကို သယ်ယူရန် လေးအိမ်စုရွာမှတစ်ဆင့် တောင်ပျိုရွာသို့ရောက်သည့်တိုင်အောင် တောလမ်းမှတစ်ဆင့် ဘေးပါတ်ဝန်းကျင်မှ မထူးခြားသော်လည်း အမြဲဆန်းသစ်နေသည့် ရှမ်းအိမ်လေးများကိုကြည့်ပြီး ခပ်သုတ်သုတ်လျှောက်လာခဲ့ရာ ၅ မိုင်မျှခရီးကို ၁ နာရီခွဲခန့်မျှနှင့် ရောက်ခဲ့လေသည်။ သွားလာနေကျမို့ ခြေလှမ်းတွေက ခပ်သွက်သွက်ပင်။ ဟိုးယခင်ကဆိုလျင် နောင်ခမ်းကြီး၊ ကုံးကော်၊ ပန်းဦးတောင်ဘက်တစ်ကြောသည် ထင်းခုတ်ရန်ကောင်းသော်လည်း ယခုအခါ ဆင်လမ်းရေလှောင်တမံစီမံကိန်းကြောင့် လူအရောက်အပေါက်များလာပြီး တောမရှိတော့ပဲ တောင်ကတုန်းများသာ ဖြစ်နေသောကြောင့် ကိုရင်ရှူံး တောင်ပျိုရွာဘက် ခြေဦးလှည့်ခဲ့ရခြင်းဖြစ်သည်။ လေးအိမ်စုမှအကျော်တွင် ရင်ကွဲတောင်ရှိလေသည်။ ကိုရင်ရှူံးအဖေငယ်စဉ်ကမူ ထိုနေရာသည် ကျားပြစ်ထွက်ရန်နေရာဖြစ်ခဲ့သည်ဆိုခြင်းကို အဘယ်သို့မျှ ယုံနိုင်စရာမရှိတော့ပေ။ မြက်ရိုင်းပင်နှင့် တောင်ဆီး(ဇီး)ဖြူပင်များသာ ကျန်တော့သည်။ အနည်းငယ်မာသော အပင်ပင် […]