etoneSeptember 10, 20101min1265
ကင်ဆာရောဂါအမှန်တကယ် ပျောက်ကင်းချင်တယ်ဆိုရင် အာလုံးစိမ်းဖျော်ရည် နေ့စဉ်မှန်မှန်သောက်ပေးဖို့လိုတယ်လို့အခုတလော ခေတ်စားနေပါတယ်။ အာလူးစိမ်းဖျော်ရည်လုပ်နည်းဟာ အလွန်ရိုးစင်းလွယ်ကူတဲ့အတွက် အခုချက်ခြင်း ထလုပ်လို့ရတဲ့ ကိစ္စလည်းဖြစ်ပါတယ်။ လုပ်နည်းက အရွယ်တူအာလူး (၃)လုံးကို ဖြူစင်အောင်ဘေးအစို့ပေါက်များကို အသေအချာဖယ်ရှားရပါမယ်။ အခွံနွှာဖို့တော့မလိုဘူးလို့ သိရပါတယ်။ (တစ်ခုရှိတာက ကိုယ်ရွေးတဲ့အာလူးဟာ သန့်ရှင်း လတ်ဆတ်ဖို့တော့ လိုပါတယ်။ အာလူးပုတ်၊ အာလူးဆွေးမဖြစ်စေရပါ) ရေဆေးပြီး ချစ်ရပါမယ်။ ပြီးရင် အဲဒီ အာလူးမျှင်ကလေးတွေကို ပိတ်စိမ်းပါးသန့်သန့်နဲ့ ထုပ်ပြီး အုန်းနို့ညစ်သလို ညစ်ရပါမယ်။ ရလာတဲ့ အာလူးစိမ်းရည်ကို အရသာကောင်းအောင် ပျားရယ်စစ်စစ်နည်းနည်းရောစပ်သောက်နိုင်ပါတယ်။ အာလူးစိမ်းဖျော်ရ်ကို နံနက်တိုင်း တစ် ခွက်နှုန်းသောက်သုံးပေးရင် ကင်ဆာရောဂါ သက်သာပျောက်ကင်းစေနိုင်တဲ့အကြောင်း ဂျပန်နိုင်ငံမှာ သက်သေထူပေး မယ့်အထင်ကရပုဂ္ဂိုလ် ဒုနဲ့ ဒေး ရှိနေပြီလို့သိရပါတယ်။အာလူးစိမ်း ဖျော်ရည်ကို သောက်သုံးပေးရင် ကင်ဆာရောဂါပျောက်ရုံတင်မဟုတ်ဘူးတဲ့ တစ်ပတ်နှစ်ပတ်အ တွင်း ပေါ့ပါးရွှင်လန်းလာတာတော့သေချာပါတယ်။ […]