manawphyulayMarch 6, 20121min1056
သူများအကြောင်းပဲ ကိုယ်က အမြဲရေးဖြစ် ပြောဖြစ်ပေမယ့် ကိုယ့်ရဲ့အကြောင်းကို သူများက အမှတ်တရ ကဗျာစပ်လာပေးတဲ့အခါမှာ ရင်ထဲမှာ ပြောမပြတတ်အောင် လှုပ်ခတ်ပြီး မျက်ရည်ကျမိတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ခွဲခွာခြင်းဆိုတာ စတင် မွေးဖွားလာထဲက ရှောင်လွှဲလို့မရဘူးဆိုတာ နားလည်ထားပေမယ့် တကယ် ခင်မင်မှုများနဲ့ သံယောဇဉ်လေးတွေ ဖြစ်လာတဲ့ဝန်းကျင်ကနေ ခွဲခွာရတဲ့အခါမှာ ဖော်မပြတတ်အောင် ဝမ်းနည်းမှုကို ဖြစ်စေခဲ့ပါတယ်။ ဝမ်းနည်းမှုတွေ ပေါင်းစုနေတဲ့အချိန်မှာ ကိုယ့်အတွက် ရေးစပ်ထားတဲ့ကဗျာလေးတစ်ပုဒ်ကို ဖတ်လိုက်ရမယ်ဆိုရင်ကော သင်လည်း ဘယ်လိုနေမလဲဟင်… မနောလိုများ ကဗျာဖတ်ရင်း မျက်ရည်ကျနေမှာလား… ကိုယ်တိုင်က ကိုယ်ကိုယ့်ကိုယ် ဘာလဲ ဘယ်သူလဲ ဘယ်လိုလဲဆိုတာသေချာမစမ်းစစ်ရသေးခင်မှာ ကိုယ့်ရဲ့စိတ်နေ ဘယ်လိုပါလဲဆိုတာ သူ့ရဲ့ကဗျာဖတ်လိုက်မိမှ ဝမ်းနည်းဝမ်းသာ အလွန်ဖြစ်မိပါတယ်။ ကဗျာလေးကို အားလုံးမျှဝေခံစားကြည့်ချင်လား… ခံစားပြီးရင် မနော ဒီရွာထဲက မောင်နှမတွေရဲ့ ရေးစပ်ပေးတဲ့ကဗျာလေးတွေလည်း မျှော်လင့်နေမယ်နော်…. အပြုသဘောပဲဖြစ်ဖြစ် […]