ဘဲရႈပ္May 17, 20121min1264
၁ .၅ . ၂၀၁၂ နေ့ သံတွဲမြို့ ဒွါရာဝတီမြို့သစ်ရပ်ကွက်တွင် ဒုတိယ အကြိမ် တလွဲတချော် အုပ်ချုပ်ရေးမှုူးရွေးပြန်ပြီလို့ သိရပါသည်။ တက်ရောက်လာတဲ့ ဆယ်အိမ်မှုူးများတွင်  ဝန်ထမ်းများပါရှိနေခြင်း၊ ရပ်ကွက်အတွင်း နှစ်အနည်းငယ်သာနေထိုင်လျှက်ရှိသူများ ပါဝင်နေခြင်းတို့ ကြောင့် ပြဿနာသဘောမျိုး လိပ်ခဲတင်းတင်း ဖြစ်လျှက်ရှိနေကြောင်း ကြားသိရပါသည်။ ယ္ခု ရွေးချယ်ထားသော အုပ်ချုပ်ရေးမှုူးအသစ် ဦးမြင့်ရွှေ ဆိုသူမှာ ရပ်ကွက်အတွင်းတဆက်တည်း (၁ဝ ) နှစ် ပြည့်အောင် နေထိုင်သူ မဟုတ်ခြင်း  အစရှိသည့် မပြည့်စုံ စည်းကမ်း မညီညွတ်သည့် ရွေးချယ်မှုူကြီးဖြစ်ကြောင်း ရပ်ကွက်သူ ရပ်ကွက်သားများ သိရှိနားလည် နေကြပါသော်လည်း မည်သို့မှ မတတ်နိုင်ခဲ့ကြောင်းလည်း သိရှိရပါသည်။ ရပ်မိရပ်ဖ ကြီးကြပ်ရေး အဖွဲ့ (၅) ဦးတွင် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ကိုယ်တိုင်ပါဝင်ကြောင်းလည်းသိရှိရပါတယ် […]


အာဂSeptember 21, 20101min16814
(၁) မောင်ရန်လင်း တစ်ယောက် မြောက်ဒဂုံမြို့နယ် နေအိမ်အနီးရှိ ရေအိုင်ထဲတွင် ဆော့ကစားနေသည်။ ငါးကလေးများအား လိုက်လံ ဖမ်းဆီးနေသည်။ ခဏအကြာ “အား” ခနဲ အော်သံနှင့်အတူ ရေအိုင်တစ်ခုလုံး ရဲရဲတောက် နီရဲသွားသည်။ ထိုအခါမှ မိခင်ဖြစ်သူသည် အပြေးအလွှား ရောက်လာကာ မောင်ရန်လင်းအား ပွေ့ချီ၍ ကြည့်ရှုမိတော့သည်။ မောင်ရန်လင်း ခြေဖဝါးတစ်ခုလုံး သွေးသံရဲရဲနှင့် ဟက်တက် ကွဲနေသည်ကို တွေ့ရသည်။ ပုလင်းကွဲကြောင့်လား၊ သံပြားကြောင့်လားတော့ မသိ။ နာရေးကူညီမှုအသင်း(ရန်ကုန်) ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ ရောက်လာတော့သည်။ ဒေါက်တာ ထူးထူးကျော်နှင့် သုခကုသိုလ်ဖြစ် ဆေးခန်းမှ သူနာပြုဆရာမများက ဝိုင်းဝန်း၍ ကူညီဖေးမ ကုသပေးတော့သည်။ ကွဲသွားသော ခြေဖဝါး မှ ဒဏ်ရာအား ထုံဆေးပေးကာ ဆေးထည့်၍ ချုပ်ပေးလိုက်သည်။ မောင်ရန်လင်း ခမျာ နာကျင်လွန်း၍ […]