fattyJune 9, 20111min1716
တလောကစပြီး ဘယ်မှာမှညွှန်ကြားချက် မတွေ့ရဘဲ ရဲစခန်းများက သတင်းကြောင်း ဒိုင်များရပ်ဆိုင်းသွားရပါတယ် ..။ အထူးသဖြင့် နယ်မှ တောင်သူ လယ်သမားများ လက်လုပ်လက်စားများ အများစုဟာ လုပ်ငန်းခွင်ဘက်ကိုပြန်ပြီး ဦးလှည့်ကြတာတော်တော်များများတွေ့ရလို့ဝမ်းသာစရာပါ ..။ ဒိုင်များဘက်ကတော့ hand phone တွေအသုံးပြုပြီး ပြန်လည်လှုပ်ရှားဖို့ တာဆူနေကြပြန်တာ တွေ့ရပါတယ်။ ဒီတခါ ရဲကိုပါ ဆက်ကြေးပေးစရာ မလိုတော့လို့ ပိုပြိး ok တဲ့အကြောင်းလဲပြောကြပါတယ်။ အချင်းချင်းဓါတ်သိ လက်ကြီးထိုးသမားများကိုသာ လက်ခံမယ်လို့လဲပြောကြပါသေးတယ် ..။ ဘာပြောပြော သာမာန် ပြည်သူအမျးစု အတွက် လောင်းကစားမှုတခု အတော်အတန်ရပ်ဆိုင်းသွားတဲ့အတွက် အောင်မြင်မှု အတိုင်းအတာတခုအနေနဲ့ရလိုက်ပါတယ် ..။ လာဘ်ပေးလာဘ်ယူတိုက်ဖျက်မှုလည်း ထိုနည်းတူ အောင်မြင်မှုတရပ် အတိုင်းအတာ တခုထိ ထိရောက်သွားစေချင်ပါတယ် ..။ ဒါပေမဲ့ ဘာသတင်းမှ ထူးထူးခြားခြား ထွက်တော့မလာသေးပါ။