အောင် လOctober 28, 20121min1266
မြန်မာနိုင်ငံတွင် ရှေးမြန်မာမင်းများ လက်ထက်ကတည်းက အစ္စလာမ် ဘာသာဝင် မွတ်စလင်များ၊ ဟိန္ဒူ ဘာသာဝင် အိန္ဒိယ လူမျိုးများ၊ ခရစ်ယာန် ဘာသာဝင် အနောက်တိုင်းသားများ ရောက်ရှိ နေထိုင်ခဲ့ကြသည်။  မိမိတို့ ယုံကြည်ရာ ဘာသာကို တိုင်းရင်းသား ပြည်သူတိုင်း ကိုးကွယ်နိုင်ခဲ့ကြသည်။ မင်းတုန်းမင်းကြီးသည် ဗုဒ္ဓ ပိဋကတ်တော်များကို ပဉ္စမသံဂါယနာ တင်ကာ ဗုဒ္ဓသာသနာတော်ကို ချီးမြှောက်ခဲ့သည်။ မင်းမှုထမ်း၊ သုံ့ပန်း၊ ကုန်သည် စသည့် ဘာသာကွဲ၊ လူမျိုးကွဲများကိုလာည်း စောင့်ရှောက်ခဲ့သည်။ အစ္စလာမ် ဘာသာဝင်များ ဝတ်ပြုဆုတောင်း (ဟတ်ဂျ်) လုပ်သည့် ဆော်ဒီအာရေဗျ နိုင်ငံ မက္ကာ (အစ္စလာမ်ဘာသာ၊ တမန်တော် မိုဟာမက် မွေးဖွားရာ) တွင် ဝတ်ပြုသွားသော မွတ်စလင်များ တည်းခိုရန် ဒေါင်းစုရပ် အမည်ဖြင့် ဇရပ် (တည်းခိုဆောင်) […]