CharTooLanSeptember 16, 20101min1001
သွေးအမျိုးအစားအလိုက် လူတွေရဲ့ စရိုက်က ဘယ်လိုရှိသလဲဆိုတာ ဖတ်ကြည့်ပါဦး။ မှန်မမှန်တော့ ကိုယ့်ဘာသာကိုယ်သာ ဆုံးဖြတ်ကြပါလို့။ A သွေး စေ့စပ်သေချာသူတွေပါတဲ့။ အရာရာကို စနစ်တကျ၊ သပ်သပ်ရပ်ရပ် လုပ်ကိုင်လိုပြီး လူကျင့်ဝတ်တွေကို အတတ်နိုင်ဆုံး လိုက်နာကြပါတယ်တဲ့။ လူမှုရေး စည်းကမ်းတွေ၊ လူ့ဘောင်အသိုက်အဝန်းတွေကို အလွန်ဂရုစိုက်တတ်ကြသူတွေတဲ့ ။ လွယ်လွယ်ကူကူ ဥပမာပေးရရင်တော့ အေသွေးပိုင်ရှင်တွေက စာမေးပွဲရှိပြီဆိုတာနဲ့ စာကျက်ဖို့ ပြင်လိမ့်မယ်။ သူတို့ရဲ့ ဖတ်စာအုပ်တွေမှာ စာရှင်းပြတာကို မှတ်ထားတာကလွဲပြီး တခြားဘာအရာမှ တွေ့ရမှာမဟုတ်ဘူး။ နောက်ပြီး ဆရာဆူမှာတို့၊ ကျောင်းနောက်ကျမှာတို့ကို တော်တော်စိုးရိမ်တတ်ကြတဲ့ လူတွေပေါ့။ သမားရိုးကျဆန်ပြီးတော့ စာမှန်မှန်ကျက်တဲ့လူတွေ၊ အလုပ်အကြွေးမထားတဲ့လူတွေ၊ စိတ်လွတ်ကိုယ်လွတ် မနေတတ်တဲ့လူတွေတွေ့ရင် အေသွေး လို့သာ မှန်းလိုက်တော့။ ဂျပန်လူမျိုးတွေရဲ့ ၈၀% ဟာ အေသွေးပိုင်ရှင်တွေပါတဲ့။ B သွေး အေသွေးနဲ့ […]